လွိုင်ကော် ရဲစခန်း ပေါက်ကွဲမှု စခမ်းမှူး အပါအဝင် ရဲ ၄ဦးဒဏ်ရာ

alt

ကယားပြည်နယ် လွိုင်ကော်တွင် ဒေသခံရဲ​ တပ်ဖွဲ့က စုံစမ်း စစ်ဆေးလျှက် ရှိသူ တဦးသည် အသေခံ၍ ဗုံးခွဲ​ လိုက်ရာ အရာရှိ၄ဦး

ဒဏ်ရာရ​ သွားကြောင်း ဒေသခံ အာဏာပိုင်​ များက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

ယခု သတင်းပါတ်များ​ အတွင်း မြန်မာနိုင်ငံ တလွှား​ တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲလျှက် ရှိရာ အင်္ဂါနေ့ က ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှု​ မှာ နောက်ဆုံးဖြစ်သည့်​ ပေါက်ကွဲမှု​ ဖြစ်ပြီး၊ စစ်​ အစိုးရ အုပ်ချုပ်သော နိုင်ငံ၌ အနှစ်၂၀အကြာ​ တွင် ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်ရာမှ ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လွိုင်ကော်မြို့ ရဲစခန်းအတွင်း ယမန်နေ့ မနက် ၁၀နာရီက ဖြစ်ပွားခဲ့ပြီး ထို ပေါက်ကွဲမှုမှာ​ မသင်္ကာ၍ ဖမ်းဆီးလာသော အသက်၃၀ခန့် ရှိသူ အသေခံ ဗုံးခွဲသူကြောင့် အနီးတွင် ရှိသော ရဲစခန်းမှူး အပါအဝင် ဂါတ်​ စာရေးနှင့် အခြားအဆင့်​ ရဲတပ်ဖွဲ့ဝင် ​၂ဦးမှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည် ဟု လွိုင်ကော်မြို့မှ အမည် မဖော်လိုသူ တဦးက AFP သတင်းဌာနသို့ ပြောကြားလိုက်သည်။

အခင်း ဖြစ်ပွားပုံမှာ ဆိုင်ကယ်ခိုးသည်ဟု မသင်္ကာ၍ ဖမ်းဆီးလာသူအား အာဏာပိုင်က ရဲစခန်းသို့ ခေါ်ဆောင်လာရာ ဗုံးဖေါက်ခွဲ​ လိုက်ခြင်းဖြစ်သည်။ ဘီဘီစီသို့ ပြောကြားသော ဒေသခံမှ သူ ခုလို လုပ်သွားလိမ့်မယ် လို့ ဘယ်သူကမှ ထင်မထား​ ခဲ့​မိဘူး” ဟု သုံးသပ်​ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here