မီးတောင်​ ပြာမှုန်ကြောင့် ဥရောပ​ လေကြောင်းလိုင်းများ ရပ်နားခဲ့ရမှု ယူရို ၂ဘီလျံကျော် ဆုံးရှုံး

alt

မီးတောင်​ ပေါက်ကွဲရာမှ ထွက်ပေါ်​ လာသည့် ပြာမှုန်​ များကြောင့် ဧပြီ လလယ်က ဥရောပ လေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းထားရသည့် အတွက် စုစုပေါင်း နစ်နာဆုံးရှုံးမှု

တန်ဖိုးသည် ယူရိုငွေ (၂.၅) ဘီလျံဖိုး​ အထိရှိခဲ့​ ကြောင်း ဥရောပယူနီယံ (EU) က အတည်ပြု ပြောကြားခဲ့သည်။

EU ၏ ပို့ဆောင်ရေးကော်မရှင် အကြီးအကဲ ဆင်​ ကားလက်က မူလခန့်မှန်းသည့် ယူရို (၁.၅)​ သန်းထက် အမှန်တကယ် ဆုံးရှုံးမှုက ပိုများကြောင်း ယခုသီတင်းပါတ် အစောပိုင်းက ဘယ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြား ခဲ့သည်။ အိုက်စလန်ကျွန်းရှိ Eyjafjoell မီးတောင်ကြီး ပေါက်ကွဲမှုကြောင့် တစ်ပါတ် အတွင်း လေယာဉ် ခရီးစဉ် တသိန်းကို ဖျက်သိမ်း လိုက်ရပြီး ခရီးသည် (၁၀) သန်းကို သောင်တင်စေခဲ့ကြောင်း ကားလက်ကဆိုသည်။

မီးတောင်သည် ဧပြီလ (၁၄) ရက်နေ့က ပေါက်ကွဲခဲ့ပြီး မြောက်ဝင်ရိုးစွန်းမှ မြေထဲ ပင်လယ်ထိ ဥရောပ ဝေဟင်ကို ချော်ပြာ​ များဖြင့် ပိတ်ဖုံး သွားစေခဲ့သည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ဒုတိယ ကမ္ဘာစစ်​ နောက်ပိုင်း အကြီးကျယ်ဆုံး လေကြောင်း ပို့ဆောင်မှု အကြပ်အတည်း​ များကို ဖြစ်ပေါ်​ စေခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအခါ EU သည် ဖြစ်ပေါ်ခဲ့သော ကိစ္စများကို သင်ခန်းစာယူကာ လေကြောင်းထိန်းသိမ်းမှု စနစ်အတွက် ပိုမို​ကောင်းမွန်​ သော နည်းလမ်းများကို ကြံဆနေကြောင်း ကားလက်က သတင်းထောက်များအား ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here