တည်ငြိမ်အေးချမ်းမှု အမှန်တကယ် ရမည်ဆိုပါက ရာထူးမှ ချက်ချင်း နုတ်ထွက်မည်ဟု ထိုင်း ဝန်ကြီးချုပ် ပြောကြား

alt

မိမိရာထူးမှ နှုတ်ထွက်ပေးပါက တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ရရှိမည် ဆိုလျင် ချက်ချင်း နှုတ်ထွက်မည်ဟု ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ​ က

ဧပြီလ (၂၇)ရက်​ နေ့က ပြောကြားလိုက်သည်။​ ဘန်ကောက်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြင်းထန်လာခြင်း​ နှင့်အတူ တိုင်းပြည်​ ၏ အခြေအနေ မတည်ငြိမ် မငြိမ်းချမ်းမှုများသည် မိမိ၏ ရာထူးလက်ဝယ် ရှိနေခြင်းနှင့် ဆက်စပ်​ နေပါက တာဝန်ယူမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အပြင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ကို ထောက်ခံသည့် ဆန္ဒပြမှုများမှာ အကြမ်းဖက်မှု​ များသာ ဖြစ်သည်ဟု​ လည်း အဘီဆစ်က ရှုတ်ချခဲ့သည်။ ယင်းတို့သည် ဆူပူမှုကို ဖန်တီးနေသူများသာ​ ဖြစ်ကြောင်း၊ ရှပ်နီများ တောင်းဆိုသည့်​ အတိုင်း မိမိနှုတ်ထွက်​ ပေးလိုက်၍ နိုင်ငံတည်​ ငြိမ်အေးချမ်းမည် ဆိုပါက ချက်ချင်းရာထူးမှ ဖယ်ရှားပေးမည်ဟု ဝန်ကြီးချုပ်​ က ကြေညာထားသည်။ လက်ရှိဖြစ်နေသည့် ပြဿနာများသည် နိုင်ငံရေးသက်သက် မဟုတ်ဘဲ ဆူပူလှုပ်ရှားမှုကို ရည်ရွယ်ချက်​ ရှိရှိ လှုံ့ဆော်​ ဖန်တီးမှုများ ပါဝင်နေကြောင်း အဘီဆစ်​ က​ ဆိုသည်။

စစ်တမ်းများအရ ဘန်ကောက်တွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကို ပြည်သူများက စိတ်ပျက်လျက်ရှိပြီး ယင်းကို ဖိဖိစီးစီး မကိုင်တွယ်နိုင်သည့် အစိုးရအပေါ်လည်း ဝေဖန်မှုများ မြင့်တက်လာနေကြောင်း သိရသည်။ အဘီဆစ်က ဘန်ကောက်တွင် စစ်​ အုပ်ချုပ်ရေး ဥပဒေ ပြဌာန်း​ထုတ်ပြန်မည်​ ဆိုသော သတင်းများကို ငြင်းဆန်ထားပြီး ၎င်းတွင် ထို​ အခွင့်အာဏာ မရှိ​ ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here