ပြင်သစ် သမ္မတနှင့်ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်

alt

ပြင်သစ်သမ္မတ နီကိုလက် ဆာကိုဇီနှင့် ဇနီးသည် ကာလာဘရူနီ တို့သည် တရုတ်နိုင်ငံသို့ ဧပြီလ (၂၈) ရက်နေ့က ရောက်ရှိ လာပြီ ဖြစ်သည်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်မှုကို

ရည်ရွယ်ကာ ရောက်ရှိ လာသည့် သမ္မတ ဇနီး မောင်နှံသည် တရုတ် အနောက်ပိုင်း ဇီအန်းသို့ ဦးစွာ သွားရောက်ခဲ့သလို တရုတ်၏ ပထမ အင်ပါယာ ခေတ်က လူသား အရွယ်အတိုင်း ထုလုပ်ထားသည့် စစ်သူရဲကောင်း ကျောက်ရုပ်များ ရှိရာ သင်္ချိုင်း ဂူဟောင်းသို့ အလည်အပတ် လေ့လာ သွားရောက် ခဲ့သည်။ ဆာကိုဇီသည် ဇီအန်းမှတဆင့် ဘေဂျင်း မြို့တော်သို့ လာရောက်ရန် စီစဉ် ထားသည်။

ပြင်သစ်ရော၊ တရုတ်ပါ ကုလသမဂ္ဂ အမြဲတမ်း လုံခြံုရေး ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြပြီး မကြာသေးမီ နှစ်များက နှစ် နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားလာမှုကို ပြန်လည် ကုစားရန် ရည်ရွယ်ကာ ဆာကိုဇီတို့သည် ကမ္ဘာ့အရှေ့ဖျား အင်အားကြီး နိုင်ငံသို့ အလည်အပတ် ရောက်လာခြင်းဖြစ်သည်။ ဆာကိုဇီက ၎င်း၏တရုတ်ပြည် ခရီးစဉ်သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်းလည်း ပြောဆို ထားသည်။

(၂၀၀၈) ခုနှစ်က ဆာကိုဇီသည် တရုတ်၏ ရန်သူအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ် အစိုးရ၏ အမြင်မကြည်မှုကို ခံခဲ့ရဖူးသည်။ ကိုယ်တော်ကြီး သည် တရုတ်အစိုးရ၏ နယ်နှင်ဒဏ်ကြောင့် (၁၉၅၉)ခုနှစ်ကတည်းက အိန္ဒိယတွင် ပြောင်းရွှေ့ သီတင်းသုံး နေရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here