ဘောလီးဝုဒ် ဇာတ်ကားတွင် ခရစ်ရှန် စတီးဝတ် ပါဝင်ဖွယ်ရှိ

alt

ဘောလီးဝုဒ် ဇာတ်ကားတခုတွင် Twilight မင်းသမီး ခရစ်ရှန် စတီးဝတ် ပါဝင် သရုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ သူမအား အိန္ဒိယ အချစ်

ဇာတ်လမ်း တခုအတွက် ကမ်းလှမ်း ထားကြောင်း ဘောလီးဝုဒ် ဒါရိုက်တာ ရှာကာကူးပါး က အတည် ပြု ပြောဆိုထားသည်။

ထိုဇာတ်ကားသည် ဘောလီးဝုဒ်၏ ရိုမီယိုနှင့် ဂျူးလိယက် ဇာတ်ကား ဖြစ်လာမည်ဟု ဒါရိုက်တာ ကူးပါးက တင်စားခဲ့ပြီး မင်းသား ဟာရီသန်ရိုရှာနှင့် ခရစ်ရှန်တို့အား တွဲဖက် ရိုက်ကူးသွားရန် စီစဉ်ထားကြောင်း ပြောဆိုသွားခဲ့သည်။ မင်းသမီး ဖက်မှမူ ယင်းအား တစုံတရာ ပြန်ကြားခြင်း မရှိသေးဟု သိရသည်။ ကူးပါးက မိမိ အနေနှင့် ထိုဇာတ်ကားကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားလိုသည်ဟု ဆိုသည်။ ဇာတ်လမ်း သဘောအရ ခရစ်ရှန်သာ ပါဝင်ခဲ့မည် ဆိုပါက ချမ်းသာ ကြွယ်ဝသည့် မိသားစုဝင် မိန်းကလေးငယ် တဦးအဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။

ခရစ်ရှန်သည် ယခုအခါ ဟောလီးဝုဒ်တွင် သူမအတွက် ကြီးမားသော အောင်မြင်မှုများ ရရှိစေခဲ့သည့် Twiligh ဇာတ်ကား ၏ တတိယပိုင်း တွင်လည်း ဆက်လက် သရုပ်ဆောင်ဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here