လိုင်ယွန်အသင်း ဖက်သို့ ၃ဂိုး သွင်းနိုင်ခဲ့ခြင်း အား အံအားသင့် ရဟု ဘိုင်ယန် တိုက်စစ်မှူး ဖွင့်ဟ

alt

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး အီဗီကာ အိုလစ်က ဥရောပ ချန်ပီယံ လိဂ် ဆီမီးဖိုင်နယ်တွင် အိုလံပစ် လိုင်ယွန်အား အနိုင်ဂိုး (၃)လုံးစလုံး သွင်းနိုင် ခဲ့ခြင်း အပေါ်

မယုံနိုင်အောင် အံ့ဩမိကြောင်း ဝန်ခံခဲ့သည်။

ဂျာမန် ထိပ်သီး ကလပ်သည် ခရိုအေးရှား လက်ရွေးစင် အိုလစ်၏ Hat-Trick ကြောင့် လိုင်ယွန်အား အဝေးကွင်းတွင် (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ထိုသို့ အရေးပါသည့် ပွဲကြီး ပွဲကောင်းတွင် Hat-Trick ရခဲ့သည့် အတွက် အလွန် ပျော်ရွှင်ကြောင်း ကွာတားဖိုင်နယ် အဆင့်၊ မန်ချက်စတာ ယူနိုက်တက်အား အိမ်ကွင်းတွင် (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရစဉ်က အရေးပါသော အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းပေးခဲ့သည့် အိုလစ်ကဆိုသည်။

ယူနိုက်တက်ကို ဂိုးသွင်းခဲ့ခြင်းသည် မိမိဘဝတွင် အကြီးကျယ်ဆုံး အချိန်တစ်ခုဟု မှတ်ယူခဲ့ကြောင်း၊ လိုင်ယွန်အား (၃)ဂိုး သွင်းနိုင်ခြင်းသည် ထိုထက်ပိုပြီး အံ့အားသင့်ဖွယ် အခိုက်အတံ့ ဖြစ်လာကြောင်း အိုလစ်က ဝန်ခံခဲ့သည်။ ဘိုင်ယန်သည် ယခုအခါ ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်ပြီး အင်တာမီလန်နှင့် ဘာစီလိုနာ တစ်သင်းသင်းအား တွေ့ဆုံယှဉ်ပြိုင် ရမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here