စစ်အစိုးရ ဝန်ကြီးချုပ် နှင့် အခြား ၁၇ဦး ရာထူးမှ နှုတ်ထွက်

alt

စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အခြားသော ထိပ်တန်း စစ်ဗိုလ်ချုပ် အနည်းဆုံး ၁၇ ယောက် တို့သည် စစ်တပ် ရာထူး

တွေမှ ယမန်နေ့က အနားယူ လိုက်ကြပြီ ဖြစ်သည်။

ယခုလို စစ်ရာထူးများ ကနေ အနားယူ လိုက်ခြင်း မှာ လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြ ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ပင်လယ်ကွေ့ သတင်း ဋ္ဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။

စစ်ဗိုလ်ချူပ်ကြီး များသည် အာဏာကို ဆက်လက် ဆွဲကိုင်ရန် အလို့ငှါ ဗိုလ်ချုပ်ကြီး သိန်းစိန်မှ ဦးသိန်းစိန်၊ ဗိုလ်ချုပ်ဌေးဦးမှ ဦးဌေးဦး ၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေမှ ဦးဖုန်းဆွေ အဖြစ်သို့သာ စစ်ယူနီဖောင်းမှ အရပ်ဝတ် ပြောင်းလဲခြင်းသာ ဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူး များမှာ ယခင် အတိုင်းသာ ဖြစ်ကြောင်း အမည် မဖော်လိုသူ တဦးမှ ပြောကြား သွားခဲ့သည်။

စစ်အစိုးရ ချုပ်ကိုင်သော သတင်းမီဒီယာ များတွင် ယင်းသတင်းကို ဖော်ပြထားခြင်း မရှိသေးပဲ၊ ယခုမှာ ပထမအသုတ် ဖြစ်ပြီး စစ်ရာထူး များမှ အနားယူသည့် သတင်းများ နောင်ရက်များတွင်လည်း ဆက်တိုက်ဖေါ်ပြ လာနိုင်သည်ဟု ဆိုသည်။ စစ် အစိုးရသည် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် လမ်းညွှန်ချက် မြေပုံ ရချက် ဖေါ်ဆောင်ကာ လုပ်ဆောင်လျှက် ရှိသည် ဟု နိုင်ငံ တကာအား ပြောဆိုလေ့ရှိပြီး၊ ယခုနှစ်ကုန်တွင် ကျင်းပရန် များသော ရွေးကောက်ပွဲတွင် ၁၉၉၀ခုနှစ် အနိုင်ရ ပါတီမှ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပြုသည့် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အစဉ်တစိုက် ပြောဆို ဝေဖန် လျှက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here