လိင်အင်္ဂါ ပြုပြင်ထားသူများ အင်ဒိုနီးရှား နိုင်ငံ ပြည်နယ် တခုတွင် အမှုထမ်းခွင့် ပိတ်ပင်

alt

လိင်အင်္ဂါ ကြီးထွားအောင် ကုသမှု ခံယူထားသူ များအား ရဲတပ်ဖွဲ့တွင် ဝင်ရောက် အမှုထမ်းခွင့် မပြုတော့ကြောင်း အင်ဒိုနီးရှား နိုင်ငံ၊ ပါပူအာ တွင်

သတ်မှတ် ပြဌာန်းလိုက်သည်။

ပါပူအာ ရဲတပ်ဖွဲ့ အကြီးအကဲ ဘက်တို ဆူပရာတို က မိမိတို့သည် ရဲဝန်ထမ်း အသစ်များအား လိင် အင်္ဂါကို သဘာဝ အတိုင်း မဟုတ်ဘဲ ကြီးမားအောင် တနည်းနည်းဖြင့် ပြုလုပ်ထားခြင်း ရှိမရှိ ကြိုတင် စီစစ်သွားမည်ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

ထိုအခြေအနေ ကြံုရပါက ရဲတပ်ဖွဲ့တွင် သာမက စစ်တပ်တွင်လည်း အမှုထမ်းရန်လည်း သတ်မှတ် ချက်နှင့် မကိုက်ညီဟုဆိုကာ ပယ်ချ ခံရမည်ဟု အတည်ပြုခဲ့သည်။ ယင်းသို့ ပြဌာန်းရခြင်းမှာ သဘာဝ အရွယ်အစားထက် ကြီးမားအောင် လိင် အင်္ဂါကို ပြောင်းလဲ ထားခြင်းသည် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ချိန်တွင် အဟန့်အတား ဖြစ်နိုင်ကြောင်း လေ့လာ တွေ့ရှိမှု များကြောင့်ဟု သတင်း ဝဘ်ဆိုဒ် Detik.com တွင် ဖော်ပြခဲ့သည်။

ပါပူအာတွင် အမျိုးသား အများစုသည် လိင်အင်္ဂါ ဖွံ့ဖြိုးမှုအတွက် ပုံသွင်းသည့် ပုံစံခွက်များ ဝတ်ဆင် အသုံးပြုလေ့ရှိကြောင်း သိရှိရသည်။ ထို့အပြင် လိင်အင်္ဂါ ကြီးထွားမှုအတွက် ရိုးရာနည်းလမ်း အမျိုးမျိုးကိုလည်း အသုံးပြုလေ့ရှိပြီး အရွက် တမျိုးဖြင့် ပွတ်တိုက်ကာ ရောင်ရမ်း ကြီးထွားလာစေ သည့် နည်းလမ်းမျိုးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here