စူပါ မော်ဒယ် နာအိုမီ ကင်းဘဲလ် လက်ထပ်တော့မည်

alt

နာမည်ကျော် စူပါမော်ဒယ် နာအိုမီ ကင်းဘဲလ်သည် မကြာမီ လက်ထပ် တော့မည်ဟု သိရှိရသည်။ သူမ ၏ ချစ်သူ ရုရှား သန်းကြွယ်သူဌေး

ဗလာဒီဆလက် ဒိုရိုနင်က ၎င်းတို့ စုံတွဲ၏ လက်ထပ်ရေး စီမံကိန်းကို အတည်ပြု ပြောကြား ခဲ့သည်။

ချဲလ်ဆီး ဘောလုံးအသင်း ပိုင်ရှင် ရိုမန် အေဗရာ မိုဗစ် နှင့် ရင်းနှီးသည့် အသက် (၄၇)နှစ် အရွယ် ဒိုရိုနင်က မိမိအနေနှင့် ပျော်ရွှင်နေမိကြောင်း၊ သတို့သား၊ သတို့သမီး အရံများကို မရွေးချယ်ရ သေးကြောင်း life.ru ဝဘ်ဆိုဒ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့အပြင် သတို့သမီး ဝတ်စုံအတွက် ဒီဇိုင်းကိုလည်း အေဗရာမိုဗစ်၏ ချစ်သူ ဒီဇိုင်း ပညာရှင် ဒါရှာဇူကိုဗာ ထံတွင် အပ်နှံ မည်ဟု သိရှိရသည်။ ဒိုရိုနင်က ဇူကိုဗာ၏ ဖက်ရှင်အမြင် ထက်သန်ပုံကို မိမိ အနေနှင့် အထင်ကြီးသလို နာအိုမီ ကလည်း အလွန် သဘောကျကြောင်း ပြောကြားခဲ့သည်။ နာအိုမီ နှင့် ဒိုရိုနင် တို့သည် ဇန်နဝါရီလ က စေ့စပ်ခဲ့ပြီး ဖြစ်သည်။

အသက် (၃၉)နှစ် အရွယ်ရှိ နာအိုမီ သည် ဒိုရိုနင်နှင့် (၂၀၀၈)ခုနှစ်က ရုရှားတွင် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဒိုရိုနင် သည် နာအိုမီ အတွက် ဘရာဇီးမှ ဒေါ်လာ (၁၈.၅) သန်းတန် စံအိမ်တလုံးကို လက်ဆောင် ပေးထားသေးသည်။ နာအိုမီက သူမသည် ဘရာဇီးတွင် နေထိုင်ရသည်ကို သဘောကျကြောင်း ဒိုရိုနင်အား ပြောပြခဲ့သည့် အခါ ဒိုရိုနင် က ယခုလို ဈေးနှုန်း ကြီးမြင့်သည့် စံအိမ်အား ချက်ချင်း ဝယ်ယူကာ ချစ်သက် လက်ဆောင်အဖြစ် ပေးခဲ့ခြင်းဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here