Apple iPad တင်သွင်းခွင့် ပိတ်ပင်မှု အစ္စရေး အစိုးရ ရုတ်သိမ်းပေးလိုက်

alt

Apple ၏ နောက်ဆုံး နာမည်ကြီး ထုတ်ကုန်ဖြစ်သော Tablet ကွန်ပျူတာ iPad အား နိုင်ငံ အတွင်း တင်သွင်းခွင့် ပိတ်ပင် ထားခြင်းအား

အစ္စရေးက ဧပြီလ (၂၅)ရက် နေ့တွင် ရုတ်သိမ်း ပေးခဲ့သည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ယာချေးရှာဘီက iPad အား နိုင်ငံအတွင်း တင်သွင်းခွင့်ကို မိမိတို့ လက်ခံ ပေးလိုက်ပြီဟု အတည်ပြုခဲ့သည်။ ဧပြီလ (၃)ရက်နေ့က iPad အား အမေရိကန်တွင် စတင် ရောင်းချပြီးနောက် အစ္စရေးက ပိတ်ပင်ခဲ့ပြီး အနည်းဆုံး iPad ကွန်ပျူတာ (၁၀)ခုကို လေဆိပ်တွင် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

ဥရောပ နိုင်ငံများတွင် iPad အား တရားဝင် တင်သွင်းခွင့် ပြုထားသော်လည်း အစ္စရေးက ကွန်ပျူတာ ချိတ်ဆက်မှု ဆိုင်ရာ စည်းမျဉ်းများ မညီညွတ်ကြောင်း စွပ်စွဲမှုဖြင့် iPad အား တင်သွင်းခွင့် ဆိုင်းငံ့ထားခဲ့သည်။ iPad သည် Apple ၏ Music Player ဖြစ်သော iPod အား ကွန်ပျူတာ စွမ်းဆောင်မှု များနှင့် ပေါင်းစပ်ကာ Touchscreen နည်းပညာ အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်သည်။

အစ္စရေး အနေနှင့် iPad ရောင်းချခြင်းအား တရားဝင် ခွင့်ပြု လိုက်ခြင်းသည် ပြည်တွင်း နည်းပညာ ကဏ္ဍတွင် ကြီးမား သော အပြောင်းအလဲ တခုသဖွယ် ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ဆိုသည်။ ရှာဘီက မိမိတို့သည် iPad ကို အပြီး ပိတ်ပင်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်ရန် ရောင်းချခွင့်အား ဆိုင်းငံ့ ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Apple ၏ ထုတ်ကုန်များအား အစ္စရေး အစိုးရက ဆန့်ကျင်နေသည် ဆိုသော စွပ်စွဲချက် များကိုလည်း ၎င်းက ငြင်းဆန်ခဲ့ပြီး နိုင်ငံအတွင်း iPhone ကို တွင်တွင်ကျယ်ကျယ် သုံးစွဲ နေကြခြင်းအား သဘောကျမိကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here