အီရန် နိုင်ငံ၏ နောက်ဆုံးထုတ် ဒုံးကျည် လက်နက်သစ်များ စမ်းသပ်ပစ်လွှတ်

alt

ဧပြီလ (၂၅)ရက် နေ့က အီရန်နိုင်ငံ၏ အကြီးမားဆုံး လက်နက်ကိုင် အင်အားစု ဖြစ်သည့် မွတ်ဆလင် တော်လှန်ရေး အစောင့်တပ်ဖွဲ့

(IRGC) ၏ စစ်ရေး လေ့ကျင့်မှု နောက်ဆုံးနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ နိုင်ငံ၏ နောက်ဆုံး ပေါ် ဒုံးကျည်လက်နက် အသစ်၅စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

(၄)ရက်ကြာ ပြုလုပ်သော ရေတပ် စစ်ရေး လေ့ကျင့်မှု အခမ်းအနား၏ အပိတ်နေ့တွင် Nasr၊ Nour၊ Saeqeh၊ Fajr III နှင့် Fajr V ဒုံးကျည် များကို စမ်းသပ်ခဲ့ပြီး ပစ်မှတ်များကို အောင်မြင် စွာ ထိမှန်ခဲ့ကြောင်း IRNA သတင်းဌာနက ကြေညာခဲ့သည်။ ရေတပ်တွင် အသုံးပြုသည့် ယင်း ဒုံးကျည်များသည် (၄၅) ကီလိုမီတာမှ (၃၀၀) ကီလိုမီတာ အကွာအဝေး အထိ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

Great Prophet V ဟု အမည် ပေးထားသော စစ်ရေး လေ့ကျင့်မှုကို IRGC က ဧပြီလ (၂၂)ရက် နေ့တွင် စတင်ခဲ့ပြီး ရေတပ်ဒုတိယ သေနာပတိ အလီဖာဒါဗီ ကိုယ်တိုင် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပိတ်ပွဲတွင် ဖာဒါဗီက အီရန် သည် တိုင်းပြည် လုံခြံုရေး အတွက် ကာကွယ်ရေး ကဏ္ဍကို အသားပေး ဆောင်ရွက်နေကြောင်း၊ ယင်းသည် အီရန်၏ ရန်သူ များအတွက် ခြိမ်းခြောက်မှုလည်း ဖြစ်စေမည်ဟု ကြွေးကြော်ခဲ့သည်။

ထို့အပြင် စစ်ရေးပြပွဲအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပါရှန်း ပင်လယ်ကွေ့ အတွင်းရှိ အမေရိကန် စစ်အခြေ စိုက် စခန်းတိုင်းသို့ အီရန်က တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဟု ဖာဒါဗီက ပြောကြားခဲ့သည်။ ယင်း စစ်ရေးပြပွဲသည် IRGC ၏ (၃၁) နှစ်မြောက် နှစ်ပါတ်လည် အခမ်းအနား အဖြစ်လည်း ရည်ရွယ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here