ချဲလ်ဆီး အလယ်တန်း ကစားသမား ဒေကို အင်္ဂလန် ပရီးမီးယား လိဂ်မှ ထွက်ခွာတော့မည်

alt

ချဲလ်ဆီး အသင်းမှ အလယ်တန်း သမား ဒေကိုက ယခုနှစ် ဘောလုံး ရာသီ အကုန်တွင် အင်္ဂလန် မြေကို စွန့်ခွာတော့မည်ဟု ပြောကြားလိုက် သည်။

ဘရာဇီးတွင် မွေးဖွားသည့် ပေါ်တူဂီ နိုင်ငံသား ကွင်းလယ် ဖန်တီးရှင်က ၎င်းသည် ဘရာဇီးသို့ ပြန်တော့မည်ဟု အတည်ပြုခဲ့သည်။ အသက် (၃၂)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် ဘရာဇီး တွင် မွေးဖွားသော်လည်း အသက် (၁၉)နှစ် ကတည်းက ဥရောပတိုက်သို့ ပြောင်းရွှေ့ကာ ပေါ်တူဂီ နိုင်ငံသား ခံယူခွင့် ရရှိထားခဲ့သည်။

မိမိအနေနှင့် ဘောလုံး လောကတွင် ဂုဏ်ယူ လောက်သော အခြေအနေ အချို့အား ပိုင်ဆိုင် ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ အသက်အရွယ် အရ ချဲလ်ဆီးကို စွန့်ခွာသင့်ပြီဟု မိမိယူဆကြောင်း (၂၀၀၈) ခုနှစ်က ချဲလ်ဆီးသို့ ပေါင်(၈)သန်းဖြင့် ဘာစီလိုနာမှ ပြောင်းရွှေ့လာသည့် ဒေကိုက ပြောကြားခဲ့သည်။ ထို့အပြင် ချဲလ်ဆီးကို စွန့်ခွာ ရမည့် အတွက် စိတ်မကောင်း ကြောင်းလည်း ဒေကို က ဆိုသည်။

ဆရာဝန် တဦးတွင် ဆရာဝန်ဟောင်းဟု သတ်မှတ် ခံရမှုမျိုး မရှိကြောင်း၊ အသက် ရှင်နေသမျှ ဆရာဝန်အဖြစ် ရပ်တည် နိုင်ကြောင်း၊ ဘောလုံးသမား တဦးတွင်မူ ထိုကဲ့သို့ အခွင့်အရေးမျိုး မရှိ ကြောင်း၊ မိမိအနေနှင့် ဘောလုံးသမားဟောင်း တဦးအဖြစ် ရောက်သွားချိန် တွင်လည်း ဘောလုံး လောကနှင့် တနည်းတဖုံ ဆက်လက် နွယ်ယှက် နေရန် မျှော်လင့်ကြောင်း လည်း ဒေကို က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here