ထိုင်း ဝန်ကြီးချုပ် ဟောင်း နေအိမ် အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

alt

ဧပြီလ (၂၅)ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဟောင်း တဦး၏ နေအိမ်အနီး ဗုံးပေါက် ကွဲမှု တခု ဖြစ်ပွားခဲ့ရာ

လူ (၁၁)ဦးထက် မနည်း ဒဏ်ရာများ ရရှိသွား ကြောင်း သိရှိရသည်။

ထိုင်း ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ဟောင်း ဘန်ဟန်း ဆီပါအာချာ၏ ဘန်ကောက်မြို့ နေအိမ် အနီးတွင် အမည်မသိ လူတဦးက M-67 ဗုံးတလုံး ပစ်သွင်း လိုက်ရာ ရဲ(၃)ဦးနှင့် လူ(၈)ဦး အနည်းဆုံး ဒဏ်ရာ ရသွားကြောင်း ကြေညာခဲ့သည်။

ဆီပါအာချာသည် လက်ရှိ အချိန်တွင် ချတ်ထိုင်း ပါတီ၏ အကြံပေး အကြီးအကဲအဖြစ် တာဝန် ယူထားသူ ဖြစ်သည်။ ဒေသ စံတော်ချိန် ည(၁၀း၂၀) နာရီတွင် ဆိုင်ကယ်စီးလာသူ တဦးက ဝန်ကြီး ချုပ်ဟောင်း၏ နေအိမ်ကို ရည်ရွယ်ကာ ယင်းဗုံးကို ပစ်သွင်းခဲ့ခြင်းဟု ရဲမှူးကြီး ဝီရာဝု သွမ်ပရာဟိုင် က ဆိုသည်။ သို့သော်လည်း လက်ပစ်ဗုံးသည် အုတ်တံတိုင်းကို ထိကာ ပြန်ကျ လာပြီးနောက် အိမ်ထဲ မရောက်တော့ဘဲ လမ်းပေါ်တွင်ပင် ပေါက်ကွဲ ခဲ့သောကြောင့် လုံခြံုရေး စောင့်ကြပ်နေသည့် ရဲ(၃)ဦး နှင့် ဘတ်စ်ကား စောင့်နေသူ (၇)ဦးတို့ ဒဏ်ရာများ ရရှိခဲ့သည်။

ထို့အပြင် ကားမောင်းနေသူ အမျိုးသမီး တဦးမှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ ယခုအခါ ဒဏ်ရာရသူ အားလုံးကို ဆေးရုံများသို့ တင်ပို့ထားပြီး ဖြစ်သည်။ ဆီပါအာချာ၏ နေအိမ်ကို မတ်လ (၂၉)ရက် နေ့ကလည်း လက်ပစ်ဗုံး ဖြင့် တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့သေးပြီး ထိုစဉ်က လူ(၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here