နိုင်ငံအတွင်း စစ်တပ် ရိက္ခာများ မြောက်ကိုရီးယား ဖြန့်ဖြူး

alt

မြောက်ကိုရီးယားသည် နိုင်ငံအတွင်း ဆန်ဈေးများ တည်ငြိမ်မှု ရရှိစေရန် အတွက် စစ်တပ် ရိက္ခာ များကို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်အတွက် သိုလှောင်ထားသော ဆန်များကို မြောက်ကိုရီးယား အစိုးရက ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးအတွက် ထုတ်နှုတ် သုံးစွဲခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက အတည်ပြု ပြောကြား ခဲ့သည်။ ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားသည် ဆန် တကီလို ဂရမ်လျှင် (၂၀)၀မ်ဖြင့် ရောင်းချနိုင်ရန် ယခုလို စစ်တပ်ရိက္ခာကို သုံးစွဲခဲ့ခြင်းဟု ကြေညာခဲ့ သည်။

မြောက်ကိုရီးယားတွင် ဆန်ဈေးနှုန်းသည် မတ်လလယ်က တကီလိုလျင် ၀မ်(၁၀၀၀) အထိ ဈေးတက် သွားခဲ့ပြီး ဧပြီလဆန်းတွင် ၀မ်(၅၀၀) နှင့် (၆၀၀)ကြား အထိ ဈေးပြန်ကျခဲ့သည်။ လေ့လာသူများ က အစိုးရ၏ လုပ်ဆောင်ချက်သည် နိုင်ငံ၏ ပြည်သူများ ငတ်မွတ် ခေါင်းပါးမှုဘေးကို အကာ အကွယ် ဖြစ်စေဖွယ် ရှိကြောင်း ချီးကျူးခဲ့သည်။

ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေသော နိုင်ငံသည် ယခုနှစ် အတွင်း ဆန်တန်ချိန် တသန်းခန့် ပိုမို လိုအပ်ဖွယ် ရှိနေကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ ကိုရီးယား တက္ကသိုလ်မှ ပရော်ဖက်ဆာ ချိုယွန်ဂျီက မြောက်ကိုရီးယားသည် ပြည်ပ အထောက်အပံ့ မပါဘဲ ရပ်တည်ရန် တတ်နိုင်သမျှ ကျားကန်သွားဖွယ် ရှိနေကြောင်း ပြောကြား ခဲ့သည်။ စာရင်းများ အရ မြောက်ကိုရီးယားတွင် ငတ်မွတ် ခေါင်းပါးမှု ဘေးဆိုးကြောင့် (၁၉၉၅)မှ (၁၉၉၈)ခုနှစ်အတွင်း လူ တသန်းကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here