ဆိုဖာ ကူရှင်အောက်တွင် ၁၀နှစ်ကြာ ဝှက်ထားသည့် အလောင်း ရှာဖွေတွေ့ရှိ

alt

(၁၀)နှစ်ကြာမျှ ဆိုဖာ ကူရှင် အောက်တွင် ဝှက်ထားသည့် ဆွေးမြေ့ ပုပ်သိုးနေသော လူတဦး၏ ရုပ် အလောင်းကို ရဲများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း

ယခင် အပါတ်က ဗြိတိန် သတင်းစာများက ဖော်ပြခဲ့သည်။

အသက် (၇၃)နှစ်ရှိ ဒင်းနစ်ပရင်း သည် ၎င်း၏ သူငယ်ချင်း အလောင်းအား (၁၀)နှစ် လုံးလုံး ဆိုဖာအောက်တွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ပရင်းနှင့် သူငယ်ချင်းဖြစ်သူ အလန်ဒဲရစ် တို့သည် ဘရစ်စတိုရှိ တိုက်ခန်းတခုတွင် အတူနေခဲ့ကြသည်။ အိမ်ရှင်ဖြစ်သော ဒဲရစ်က သောက်ဖော် သောက်ဖက် ပရင်းအား ၎င်း၏အိမ်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး (၁၉၉၈) ခုနှစ်တွင် ပရင်းမှာ အိမ် ရှေ့ခန်း ဆိုဖာပေါ် သေဆုံးနေကြောင်း ဒဲရစ်က တွေ့ရှိခဲ့သည်။

ပရင်းသည် ဗြိတိန်တွင် တရားမဝင် နေထိုင်သူ တဦးဖြစ်ရာ အမှု ပတ်လာမည်ကို စိုးရိမ်သော ဒဲရစ်က အလောင်းအား ဆိုဖာအောက် ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် ဒဲရစ်သည် လက်ကိုင် နှစ်ဖက်ပါသော ဆိုဖာ ကူရှင်အောက်တွင် ပရင်း၏ အလောင်းကို ထားရှိပြီး (၁၀)နှစ် လုံးလုံး ထိုအခန်းတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်နီးချင်း များက အနံ့ဆိုးများ ထွက်နေကြောင်း တာဝန်ရှိသူများကို အကြောင်းကြားခဲ့ပြီးနောက် လာရောက် စစ်ဆေးမှု နှစ်ကြိမ်မျှ ပြုလုပ်ခဲ့သော် လည်း ဒဲရစ်၏ တိုက်ခန်းမှာ အလွန်ပေရေ ရှုပ်ပွ နေခြင်းကြောင့် အလောင်းအား မဖော်ထုတ်နိုင် ခဲ့ပေ။

ယင်း အလောင်းအား (၂၀၀၈) ခုနှစ်ကျမှ ရေမရှိ၊ လျှပ်စစ်မီးမရှိ၊ ဓာတ်ငွေ့လိုင်း မရှိသော တိုက်ခန်းအတွင်း အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရေချိုးကန်မှာလည်း မစင်များဖြင့် ပြည့်နှက်နေသည်ကို ရဲများက တွေ့ရှိခဲ့သည်။ ဒဲရစ်အား ရဲများက ဖမ်းဆီး ခဲ့သော်လည်း မှုခင်း စစ်ချက်များအရ ၎င်းသည် ပရင်းအား သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ယခုလအတွင်း တရားသေ လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here