ဖိလစ်ပိုင် မလေး သျှရီးရဲ့ ပိရမစ် အယ်လ်ဘမ် မေလ အမေရိကား၌ ထွက်မည်ဟုဆို

alt

ကမ္ဘာ့ အနုပညာရှင် များတွင် ဒိတ်ဒိတ်ကြဲ ဆလင်း ဒီယွန်၊ အော်ပရာဝင်းဖရေး နှင့် ဒေးဗစ် ဖေါ်စတာ တို့ ဩဇာ သက်ရောက်မှု ရှိသော

ပရိတ်သတ် တို့၏ သဲသဲလှုပ် အားပေးခံရသော အသက် ၁၇နှစ် အရွယ် ဖိ​လစ်ပိုင် မ​လေး​ သျှရီး ဟာ သူမ အယ်လ်ဘမ် အမေရိကား ဈေးကွက်သို့ ဝင်ရန် အဆင်သင့် ဖြစ်နေသည်ဟု ပြောကြား လိုက်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံဖွား အသံဩဇာရှိသူ သျှရီးရဲ့ စင်ဂယ်လ်တေး ပိရမစ် ကို ဖေဖေါ်ဝါရီလ ချစ်သူများ နေ့မှာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ စတင် ထုတ်လွှင့်ခဲ့ပြီး ယခုအခါ သီချင်း ၁၂ပုဒ်ပါရှိတဲ့ အယ်လ်ဘမ်ကို နိုင်ငံတကာမှာ ရှိတဲ့ သူမ ပရိသတ်တွေ အံ့အားသင့် သွားအောင် ယခုမေလ ၁၁ရက် နေ့မှ အမေရိကန် နိုင်ငံမှာ စတင်ဖြန့်ချီမှာ ဖြစ်တယ်လို့ သူမက ဆိုသည်။

သူမဟာ မြို့တော်မနီလာ ဆင်ခြေဖုံး အနီးမှ ဝါသနာရှင်တဦး ဖြစ်ကာ သူမ၏ သီဆိုဟန်ကို you tube အင်တာနက် ချာနယ် တွင် လွှင့်တင်ခဲ့ရာမှ တောင်ကိုရီးယား တယ်လီဗေးရှင်း အစီစဉ်တခု မှ တွေ့ရှိခေါ်ယူ တင်ဆက်ရာ အမေရိကန်နိုင်ငံမှ ကျော်ကြားသော တီဗွီ တင်ဆက်သူ အယ်လင် နှင့် အော်ပရာ ဝင်းဖရေးတို့ တွေ့ရှိကာ စင်တော်ကောက်၍ ထင်ရှား လာခဲ့ခြင်း ဖြစ်သည်။ ယခု သူမ၏ ပိရမစ် သီချင်းအား ရက်(ပ်)ပါ Iyaz မှ ဖီခြာ ဝင်ဆိုထားပြီး၊ ထိုသီချင်းမှာ ဘီလ်ဘုတ် စာရင်း၌ Hot Dance Club အဖြစ် နံပါတ် ရ နေရာတွင် နေရာယူထားပြီး ဖြစ်သည်။ ၁၆နှစ် သမီးအရွယ် သူမ၏ အသံဩဇာကို အမေရိကန်များ အော်ပရာ ဝင်းဖရေး စီစဉ်မှုဖြင့် ၂၀၀၈ ခုနှစ်က တွေ့မြင်ဖူးပြီး၊ နယူးယောက် မက်ဒီဆင် စကွဲယားတွင် ဆလင်းဒီယွန်နှင့် သီဆိုမှု ဘီယွန်းဆေး နိုးလ် နှင့် သီဆိုမှု တို့အား အင်တာနက် စာမျက်နှာတွင် လာရောက် နားဆင်သူ ၁၃မီလျံ ရှိပြီးဟု သိရှိရသည်။

၂၀၀၉ ခုနှစ်တွင် အော်ပရာ စီစဉ်၍ ဖေါ်စတာ ထုတ်လုပ်သော “Note to God.” စင်ဂယ်လ် သီချင်းမှာ အမေရိကားတွင် အခွေပေါင်း ၆သောင်းကျော် ရောင်းရ၍ အင်တာနက် ဒေါင်းလုပ် ၁သိန်း ၁သောင်းကျော် ရှိသည်ဟု နီလ်ဆန် Sound Scan ဓါတ်ပြားတိုက်မှ ဆိုသည်။ သူမမှာ စင်ဂယ်လ် ၃ပုဒ်သာ ထွက်ဖူးသေးပြီး ၂၀၀၉ ခုနှစ် အော်စကာ ဆုပေးပွဲတွင် သီဆို သော Finger Print ၊ ဒီယမ်းဝါရန်း၏ Note to God နှင့် ယခု “Pyramid,” စင်ဂယ်လ်တို့ ဖြစ်သည်။ မေတ္တာဘွဲ့ သီချင်းများ သီဆိုသူ သျှရီး၏ စင်ဂယ်လ် သီချင်းများမှာ ထွက်လိုက်တိုင်း နိုင်ငံတကာ ဘီလ်ဘုတ်၏ Hot 100 သီချင်းများ တွင် အစဉ်တန်းဝင် နေခဲ့သည်ဟု အေဘီစီ သတင်းဋ္ဌာနတွင် ဖေါ်ပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here