မောင်းသူမဲ့ အာကာသယာဉ် အမေရိကန် အောင်မြင်စွာ လွှတ်တင်

alt

စက်ရုပ် ဆန်သော မောင်းသူမဲ့ အာကာသ ယာဉ်တစင်း အား အမေရိကန် က အောင်မြင်စွာ လွှတ်တင် လိုက်နိုင်ကြောင်း သိရှိရ သည်။

လေတပ်က တီထွင်ခဲ့သော အဆိုပါ (၂၉)ပေ အရှည်ရှိ အာကာသယာဉ် X-37 B အား ဧပြီလ (၂၂)ရက် နေ့က ဖလော်ရီဒါရှိ ကိပ်ကာနေဗယ်မှ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ လော့ဟိမာတင် ကော်ပိုရေးရှင်း နှင့် ဘိုးရင်း ကုမ္ပဏီတို့ ပူးပေါင်း တီထွင်သည့် ယာဉ်ငယ်အား Atlas V ဒုံးကျည် ထိပ်ဖူးတွင် တပ်ဆင်ကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အာကာသယာဉ် တည်ဆောက်မှုကို အမေရိကန် လေတပ်က အချိန်ကြာမြင့်စွာ လျှို့ဝှက် ထားခဲ့ပြီး ယခု အချိန် တွင်လည်း အာကသယာဉ်နှင့် ပတ်သက်သော အချက်အလက်ကို အများ အပြား ပြောကြားခြင်း မရှိသေးပေ။ သို့သော်လည်း လူမဲ့ အာကာသယာဉ်တွင် လက်နက်များ တင်ဆင်နိုင်ကြောင်းကို အတည်ပြု ထားသည်။ ဘိုးရင်းကုမ္ပဏီ၏ ခေတ်မီ သုတေသန ဌာန Phantom Works တွင် တင်ဆောက်သည့် X-37 B သည် အမေရိကန်၏ ပထမဆုံး အာကာသ ထဲ လွှတ်တင်သည့် လူမဲ့ အာကာသယာဉ်လည်း ဖြစ်လာသည်။

ယင်းသည် အာကာသ အတွင်း (၉)လ အထိ ပျံသန်းနေနိုင်ပြီး ဗန်ဒန်ဘတ် လေတပ်စခန်းသို့ ပြန်လည် ဆင်းသက်ရန် စီစဉ် ထားကြောင်း သိရသည်။ သို့သော်လည်း ပင်တာဂွန် စစ်ဌာနချုပ်က အာကာသယာဉ် ပြန်လာမည့် အခြေအနေကို တိတိ ကျကျ ပြောဆိုခြင်း မရှိနိုင်သေးပေ။ ထို့အပြင် အာကာသယာဉ်အား စစ်ရေး၊ ထောက်လှမ်း ရေး တို့၌ မည်သို့ အသုံးချ မည်ကိုလည်း နှုတ်ဆိတ် နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here