အိုက်စလန် မီးတောင် ပေါက်ကွဲမှု ကမ္ဘာ့ လူဦးရေ သန်းနှင့်ချီ စောင့်ကြည့်ခဲ့

alt

အိုက်စလန် ကျွန်းရှိ မီးတောင်ကြီး ပေါက်ကွဲမှုကို ကမ္ဘာ အရပ်ရပ်မှ လူဦးရေ သန်းနှင့်ချီပြီး တိုက်ရိုက် စောင့်ကြည့်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ (၁၄)ရက် နေ့က အိုက်စလန်ရှိ အူဂျာဖာဂျို မီးတောင်ကြီး ပေါက်ကွဲမှုကို Online မှတဆင့် တိုက်ရိုက် ပြသခဲ့ခြင်း ဖြစ်ပြီး လူပေါင်းများစွာက စိတ်ဝင်တစား ဝင်ရောက် ကြည့်ရှုခဲ့ကြသည်။

ဥရောပ လေကြောင်း ကုမ္ပဏီများအတွက် အကြီးမားဆုံး အခက်အခဲများ ပေါ်ပေါက်စေခဲ့သည့် မီးတောင်ကြီး စတင် ပေါက်ကွဲချိန်မှစကာ မိနစ်အလိုက် တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည့် http://eldgos.mila.is မှ တာဝန်ရှိသူများက နိုင်ငံပေါင်း (၁၅၀) ဝန်းကျင်မှ လူ(၄)သန်း ကျော် Log In ဝင်ကာ မီးတောင် ပေါက်ကွဲပုံ အဆင့်ဆင့်ကို ကြည့်ရှုခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ယခု ပမာဏသည် အိုက်စလန် အခြေပြု ဝဘ်ဆိုဒ်တခု အတွက် စံချိန်တင် ဝင်ရောက်ကြည့်ရှုသူ ဦးရေလည်း ဖြစ်လာခဲ့သည်။ အငြိမ်းစား တဦးဖြစ်သူ ဆိုဗစ်အိုဂျော့ဒိုတာ က သူမသည် မီးတောင်ပေါက်ကွဲပုံ အဆင့်ဆင့်ကို အင်တာနက် မှတဆင့် နေ့စဉ် ကြည့်နေခဲ့ ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ မီးတောင် ပေါက်ကွဲမှုသည် အင်အား ပြင်းထန်ကာ လှပလှကြောင်း၊ သို့သော်လည်း မီးတောင်ပြာ များကြောင့် အနီး အနား စိုက်ခင်းများ ပျက်စီးသွားခြင်း အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဆိုဗစ်က ဆိုသည်။

ရဲတပ်ဖွဲ့ ကမူ မီးတောင် ပတ်ဝန်းကျင်မှ ကင်မရာသမား များကို ထိုနေရာမှ ရှောင်ရှားနေရန် သတိပေး ခဲ့သော်လည်း ယင်းဝဘ်ဆိုဒ်က စွန့်စွန့်စားစား မှတ်တမ်းတင် ရိုက်ကူး ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here