အီရန်အား အမေရိကန် အကူအညီ မပါဘဲ တိုက်ခိုက်ဖွယ် မရှိ

alt

အစ္စရေး အနေနှင့် အီရန်အား အမေရိကန်၏ အကူအညီ မပါဘဲ တိုက်ခိုက်ဖွယ် မရှိကြောင်း အမေရိကန် ၏ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်က

ပြောကြားလိုက်သည်။

ထို့အပြင် လတ်တလောတွင် အမေရိကန်ရော၊ အစ္စရေးပါ အီရန်အား ပိတ်ဆို့မှုများ ပြုလုပ်မှု ကိုသာ စဉ်းစားထားကြောင်း ဘိုင်ဒင်က ဆက်လက် ပြောဆိုခဲ့သည်။ ထို့အပြင် ဗြိတိန် ဝန်ကြီးချုပ်၊ ရုရှား သမ္မတတို့သည်လည်း အမေရိကန်၊ အစ္စရေး တို့နှင့် သဘောထား တူညီပြီး ကုလသမဂ္ဂ၏ အီရန်အပေါ် ပိတ်ဆို့မှုကို ထောက်ခံ သွားမည်ဟုလည်း ဘိုင်ဒင်က ABC သတင်းဌာန၏ The View အစီအစဉ်တွင် ထုတ်ဖော် ပြောကြားသွားသည်။

ဘိုင်ဒင်က တဟီရန် အစိုးရအား ရည်ရွယ်သည့် ပိတ်ဆို့မှု အသစ်များကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် စတင်ဖွယ် ရှိနေကြောင်းလည်း ဆိုသည်။ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၏ ဗီတိုအာဏာ သုံးခွင့်ရ (၅)နိုင်ငံတွင် အပါအဝင် ဖြစ်သော တရုတ်ကမူ အီရန် အား မပြင်းထန်လှသော ပိတ်ဆို့မှုများသာ ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။

ဘိုင်ဒင်ကမူ တရုတ်သည် အမေရိကန်၏ အီရန်အား ပိတ်ဆို့ရေး အစီအစဉ်အပေါ် အပြည့်အဝ ထောက်ခံလိမ့်မည်ဟု အာမခံ ထားသည်။ ထို့အတူ ကုလသမဂ္ဂ အနေနှင့် အီရန်အား ကြီးကြီးမားမား ဆက်လက် ဖိအားပေးနေမည် ဖြစ်ကြောင်း လည်း ဘိုင်ဒင်က အတည်ပြု သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here