အိန္ဒိယ – မြန်မာ နယ်ခြားတွင် ခြံစည်းရိုး ကာရံမည်

alt

အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်ခြားရှိ မဏိပူ မိုးရေးဒေသကို နိုင်ငံတကာ စည်းမျဉ်း တလျှောက် မူးယစ်ဆေးဝါး၊ လူ ကုန်ကူးမှု နှင့်

နယ်စပ် ခြံစည်းရိုး ကြားတွင် ခွဲထွက် စစ်သွေးကြွ များ ရန်မှ ကာကွယ်နိုင်ရန် ခြံစည်းရိုး ကာရံမည်ဟု ၂နိုင်ငံ အစိုးရတို့ က ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံ တောင်ပေါ် တိုင်းရင်းသားများ ကောင်စီ အတွင်းရေးမှူး ဂင်ဆေးလန်ဒင်မှ ဒီ စီမံကိန်းမှာ အိန္ဒိယကော မြန်မာကော အကျိုး အမြတ်တွေ သိပ်ရှိမှာပါ၊ အဓိကတော့ မူးယစ်ဆေး ဝါး၊ လူ ကုန်ကူးမှု နဲ့ တိုင်းရင်းသား ခွဲထွက်များ ရန်မှ ကာကွယ်နိုင်မယ် လို့ ပြောကြားလိုက် ပါတယ်။

မြန်မာ-အိန္ဒိယ နယ်ခြားက မဏိပူရ်၊ အာသံ နဲ့ နာဂဒေသတို့မှာ ဖေါ်ပြလို့ မရနိုင်တဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်ကူးမှု ပေါင်းစုံ ရှိနေတယ်လို့ United Nations Drug Control Programme (UNDCP) and International Narcotic Control Board (INCB) အဖွဲ့တွေ ကလည်း ထောက်ပြ ပြောဆိုပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် နယ်စပ်အနီးတွင် ဆက်ဆံရေး အရာရှိများ၏ ရုံးဖွင့်လှစ်ကာ သဘောတူညီ ထားသည်ဟု အိန္ဒိယ အစိုးရ က ကတိပေးထားကြောင်း ပြောဆိုလိုက်သည်။

ထို့အပြင် နှစ်နိုင်ငံ၏ နယ်ခြားတွင် မှုခင်းများ၊ လုံခြံုရေးရာ ကိစ္စရပ်များ ထိမ်းချုပ်နိုင်မည်ဟု ပြောဆိုလိုက်သည်။ ယခု ပြုလုပ်သော နယ်စပ် ခြံစည်းရိုး ကာ စီမံကိန်းမှာ ပထမအကြိမ် ၂နှစ်နိုင်ငံ တိုင်းထွာကြရာ၌ ၂၀၀၉ခုနှစ် ကတည်းက ဖြစ်ပြီး နောက်ဆုံးအကြိမ် တိုင်းထွာမှုကို ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၂ရက်နေ့က ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။ ကီလိုမီတာ ၄၀ ရှည်လျားသော အိန္ဒိယ – မြန်မာ နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံသားများ ပတ်စ်ပို့၊ ဗီဇာများ မပါပဲ ဒေသခံများ၏ အထောက်အထား စာရွက် စာတမ်းများ ဖြင့်သာ ကူးလူးဖြတ်သန်း သွားလာနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here