တရုတ် ငလျင်ဖြစ်ရပ်တွင် ကျောင်းသား ၂၀၇ဦး သေဆုံးခဲ့ဟု အာဏာပိုင်များ ပြောကြား

alt

ဧပြီလ လယ်က တရုတ်နိုင်ငံတွင် လှုပ်ခတ်သွားသော ငလျင်ကြီးကြောင့် ကျောင်းသား (၂၀၇)ဦး သေဆုံး သွားကြောင်း တရုတ် အာဏာပိုင် များက

ဖြည့်စွက် ကြေညာခဲ့သည်။

ထို့ကြောင့်လည်း ကွင်ဟိုင်တွင် လှုပ်ရှားသွားသော ငလျင်ကြောင့် သေဆုံးသူ အရေအတွက်သည် (၂၁၈၇)ဦး အထိ ရှိလာပြီဖြစ်သည်။ ပြိုကျပျက်စီး နေသော ကျောင်းဆောင်များကို ရှင်းလင်းပြီး နောက် ကျောင်းသား စုစုပေါင်း၏ (၃၅) ရာခိုင်နှုန်း သေဆုံးသွားပြီဟု ဧပြီလ (၂၂)ရက် နေ့တွင် တာဝန်ရှိသူ များက အတည်ပြု ပြောကြား ခဲ့သည်။

ဧပြီလ (၁၄)ရက်နေ့ ကွင်ဟိုင် ငလျင်ကြောင့် ယခု အချိန်ထိ လူ(၈၀)ကျော် ပျောက်ဆုံးနေဆဲ ဖြစ် ပြီး လူပေါင်း (၁၄၀၀) ကျော် ဒဏ်ရာ ရရှိခဲ့ကာ အချို့သည် အသက်အန္တရာယ် စိုးရိမ်ရဆဲ အနေအထား တွင်ပင် ရှိနေသေးသည်။ ပြင်းအား အဆင့် (၆.၉)ရှိသော ငလျင်သည် ကွင်ဟိုင်၏ တောင်ထူထပ်သော ဒေသကို ဗဟိုပြု လှုပ်ရှားသွားခြင်း ဖြစ်သည်။ယခု ကွင်ဟိုင်ခရိုင်၊ ပညာရေး ဗျုရိုကျောင်းများမှ ကျောင်းသားများ သေဆုံးမှုသည် (၂၀၀၈)ခုနှစ်၊ မေလက ဆီချွမ် ငလျင်ကြီး လှုပ်ရှားမှုနောက်ပိုင်း တရုတ်နိုင်ငံတွင် ကျောင်းသား ကလေးငယ် အများဆုံး သေဆုံးရသည့် သဘာဝ ဖြစ်ရပ်ဆိုးကြီးအဖြစ် မှတ်တမ်းဝင် သွားသည်။

တရုတ် အစိုးရသည် ဆီချွမ် ငလျင်ကြီး လှုပ်ခတ်ပြီးစဉ်က နိုင်ငံခြား သတင်းထောက်များကို ကျောင်းပျက် အဆောက် အအုံများ အနီးကပ်ခွင့် မပေးခဲ့သလို အချို့တရုတ် သတင်းထောက်များ ကလည်း အာဏာပိုင်များက အချို့ သတင်းများကို မရေးရန် တားမြစ်ခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ တရုတ်သမ္မတ ဟူကျင်တောင်သည် ပြီးခဲ့သည့် သီတင်းပါတ်က ကွင်ဟိုင် သို့ လာရောက် ခဲ့ပြီးနောက် ကျောင်းသစ်များ အလျင်အမြန် ဆောက်လုပ်ပေးရန် ကတိပြု ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here