ဘန်ကောက် မြို့တော်တွင် ပဒေသာပင်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား

alt

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ယမန်နေ့ ကတည်းက ဗုံးများဖြင့် တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(​၁)ဦး သေဆုံးပြီး (၈၇)ဦး

ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက်၏ ကုန်သွယ်မှု ရပ်ကွက်တွင် ဧပြီလ (၂၂)ရက် နေ့က ဖြစ်ပွားခဲ့သော သွေးထွက်သံယို ကိစ္စ​ များကြောင့် စစ်တပ်နှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကြား တင်းမာမှုမှာ ပိုမိုမြင့်တက် လာခဲ့သည်။ မျက်မြင်များ၏ အဆိုအရ ဘန်ကောက်၏ စီးပွားရေး အချက်အခြာ ကျသော နေရာတွင် ပေါက်ကွဲမှု​ (၅)ခု ဆက်တိုက် ဖြစ်ပွား ခဲ့ပြီး ယင်းနေရာတွင် ဘဏ်များ၊ ရုံးများနှင့် ဟိုတယ်ကြီးများ တည်ရှိ​ နေသည်။

ပခုံးထမ်း လောင်ချာမှ ပစ်လွှတ်ရသည့် M-79 ဗုံးများသည် လက်ရှိအစိုးရကို ထောက်ခံသည့် ရှပ်ဝါ ဆန္ဒပြသူ ရာနှင့်ချီ စုရုံး နေသော နေရာသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဟု သိရှိရသည်။ ဗုံးကွဲမှုကြောင့် (၄)ဦးထက် မနည်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားကြောင်းလည်း ရဲများက ဆိုသည်။ ယင်းဗုံးများသည် ဧပြီလ (၁၀)ရက်နေ့က အစိုးရ စစ်တပ်နှင့် ဆန္ဒပြသူ​ များကြား အဓိကရုဏ်း များကြောင့် လူ(၂၅)ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွင်း စစ်တပ်များကို တိုက်ခိုက်ခဲ့သည့် အမျိုးအစားနှင့် တူတူပင်ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ဘန်ကောက်တွင် မတ်လ လယ်ခန့်က စတင်ခဲ့သော ဆန္ဒပြမှုများသည် ယခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေပြီး ကျည်အပြည့် ဖြည့်ထားပြီး M-16 သေနတ်ကိုင် စစ်တပ်များကို လုံခြံုရေးအတွက် တပ်ဖြန့်ထားရသည်။ အစိုးရက ယခု ဗုံးများသည် ရှပ်နီဝတ် ဆန့်ကျင်ရေး အင်အားစုများ စုရုံးရာ လုမ္မဏီပန်းခြံ ဖက်မှပစ်လွှတ် လိုက်ခြင်းဟု စွပ်စွဲခဲ့​သော်လည်း ဝန်ကြီး ချုပ် အဘီဆစ် ဝီချာချီဝ အား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုနေသည့် ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များ ကမူ ယင်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆန်​ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here