ဥရောပ လေကြောင်း ခရီးစဉ်များ အန္တရာယ် များသော အခြေအနေ တွင် ရှိနေဆဲဖြစ်

alt

ဥရောပတွင် မီးတောင် ပြာများ ကြောင့် ဆိုင်းငံ့ ထားရသည့် လေကြောင်း ခရီးစဉ်များကို အပြည့် အဝ နီးပါး ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည့်တိုင်

အန္တရာယ်များသော အခြေအနေတွင် ရှိနေသေး ကြောင်း ဗြိတိသျှ တော်ဝင်လေတပ်က သတိပေး ခဲ့သည်။

ဧပြီလ (၂၂)ရက်နေ့က တော်ဝင်လေတပ်မှ တိုက် လေယာဉ် နှစ်စင်းသည် မီးတောင်ပြာများ ဖုံးလွှမ်း​ နေသည့် ကောင်းကင်ကို ဖြတ်ကျော် ပျံသန်း ပြီးနောက် အရေးပေါ် အခြေအနေဖြင့် ဆင်းသက်​ခဲ့​ ရသည်။ Typhoon အမျိုးအစား လေ့ကျင့်ရေး လေယာဉ်များ၏ အင်ဂျင်တွင် ရုတ်တရက် ပါဝါ ထိုးကျသွားကြောင်း လေယာဉ်မှူး များက စစ်ဆေး တွေ့ရှိပြီးနောက် မြေပြင်​ အခြေစိုက် စခန်းသို့ အကြောင်းကြားကာ အရေးပေါ် ဆင်းသက်ခဲ့ခြင်းဟု လေတပ် တာဝန်ရှိသူ​ များက ဆိုသည်။

ယင်း လေယာဉ်များသည် လင်ကွန်းရှိုင်းယား ကောင်းကင်ယံအမြင့် ပေသုံးသောင်းကျော်တွင် လေ့ကျင့်မှု ပြုလုပ်နေစဉ် ပြဿနာ ကြံုခဲ့ရခြင်း ဖြစ်သည်။ လေယာဉ်များ၏ ကွန်ပရက်ဆာမှ အသွားများကို ပြာမှုန်များက အကြီးအကျယ် ဒုက္ခပေးခဲ့ သဖြင့် လေယာဉ်မှူး များက အရေးပေါ် ဆင်းသက်ခဲ့ရပြီး ကံကောင်း​ ထောက်မစွာ အပျက်အစီး မရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

ထို့အပြင် အရပ်သား သယ်ယူပို့ဆောင်ရေး လေယာဉ် များတွင်လည်း ပြာမှုန်များကြောင့် ပြဿနာ ကြံုတွေ့ရသည်များ ရှိနေပြေီး ဗြိတိန် လေကြောင်းအမှတ်စဉ် (၇၄၇)​ သည်လည်း ပျံသန်းစဉ် ဒုက္ခ တွေ့ခဲ့သေးကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက Typhoon များသည် အရည်အသွေးမြင့် တိုက်လေယာဉ်များ ဖြစ်ပြီး လေယာဉ်မှူးများ၏ သတိရှိမှုကြောင့် ပျက်မကျခဲ့ခြင်းဟု ဝန်ခံပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here