Windows 7 ကြောင့် Microsoft ဝင်ငွေ သိသာစွာ တိုးတက်လာ

alt

Windows 7 ကြောင့် Microsoft ကော်ပိုရေးရှင်း၏ ဝင်ငွေသည် ပထမ (၃)လပါတ် အတွင်း သိသိသာသာ တိုးပွားလာကြောင်း

ကော်ပိုရေးရှင်းကြီးက ဧပြီလ (၂၂)ရက်နေ့တွင် အတည်ပြု ကြေညာခဲ့သည်။

Windows 7 ရောင်းအားကြောင့် Microsofr ၏ ဝင်ငွေသည် ပထမ (၃)လပါတ်တွင် (၆)​ ရာခိုင်နှုန်း တိုးလာပြီး စုစုပေါင်း ဒေါ်လာ(၁၄.၅) ဘီလျံ ရှိလာခဲ့သည်။ ယမန်နှစ်က အလားတူ ကာလ​ အတွင်း ဒေါ်လာ (၁၃.၆၄) ဘီလျံသာ ရှိခဲ့သည်။

ထို့အပြင် အမြတ်ငွေ မှာလည်း (၄.၀၁) ဘီလျံထိ တိုးတက်လာပြီး ရှယ်ယာများမှာ (၄၅)ဆင့် အထိ တန်ဖိုး တက်လာသောကြောင့် (၃၆)ရာခိုင်နှုန်း နီးပါးထိ မြင့်မားလာခြင်း ဖြစ်သည်။ Microsoft က Windows များ ရောင်းချမှုသည် ယခုနှစ် ပထမ(၃)လအတွင်း (၂၈) ရာခိုင်နှုန်း အထိ တက်လာ​ ကြောင်း အတည်ပြုခဲ့သည်။

ထို့အပြင် မကြာမြင့်လှသေးသော ကာလ အတွင်းမှာပင် ကမ္ဘာ့ PC ကွန်ပျူတာ အားလုံး၏ (၁၀) ရာခိုင်နှုန်းသည် Windows 7 ကို အသုံးပြုနေပြီ ဖြစ်သည်အထိ အောင်မြင်​ ခဲ့ကြောင်း သိရှိရသည်။ ယင်းသည် သမိုင်းတလျှောက် Operating System တခုအတွက် အလျင်မြန်ဆုံး ထိရောက် အောင်မြင်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

Microsoft ၏ ငွေကြေးဌာန အကြီးအကဲ ပီတာကလိန်းက Xbox LIVE ဂိမ်းစက်နှင့် Search Engine ဖြစ်သည့် Bing တို့မှလည်း ကျေနပ်လောက်သော ငွေကြေး ပမာဏများ ရရှိခဲ့ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here