တော့တင်ဟမ် ကစားသမားအား မန်ယူအသင်းမှ ခေါ်ယူရန် ကြိုးပမ်း

alt

တော့တင်ဟမ် ဟော့စပါး တောင်ပံ သမား ဂရတ် ဘေးအား ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက် အသင်း က ကြိုးပမ်းနေကြောင်း သိရှိရသည်။

အင်္ဂလန် ချန်ပီယံ ကလပ်အသင်းသည် အသက် (၂၀)အရွယ် ဝေလ် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်မှူးအား ပေါင်စတာလင် သန်း (၂၀)ဖြင့် ခေါ်ယူရန် စိတ်ဝင်စား နေခဲ့သည်။ မန်ချက်စတာ စီးတီး​ နှင့် အင်တာမီလန် တို့ကလည်း စိတ်ဝင်စား နေသည့် ဘေးအား ၎င်း အသက်(၁၇)နှစ် အရွယ် ကတည်း​ က ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ကြိုးပမ်းခဲ့သော်လည်း ယင်းက ပုံမှန်​ ပွဲထွက်ခွင့် သေချာစေမည့် တော့တင်ဟမ် ကိုသာ ထိုစဉ်က ရွေးချယ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပါတ်က ချဲလ်ဆီးနှင့် ပွဲစဉ်တွင် အထူး ခြေစွမ်းပြခဲ့သော ဘေးအား ရောင်းချရန် အစီအစဉ် မရှိကြောင်း တော့တင်ဟမ် နည်းပြ ဟယ်ရီရက်နပ်က ပြောကြားထားသော်လည်း ဖာဂူဆန်​ ကမူ ကြိုးပမ်းသွားဖွယ် ရှိနေသည်။

Free Kick အကန်ကောင်းပြီး ကွင်းလယ် ဘယ်တောင်ပံရော၊ နောက်တန်း ဘယ်အစွန်တွင်ပါ အကောင်းဆုံး ကစား နိုင်သည့် ဘေးသည် တော့တင်ဟမ်သို့ ရောက်ရှိကာစ နှစ်များ​ က ပုံမှန်ခြေစွမ်း ရရှိရန် ရုန်းကန် ခဲ့ရသော်လည်း ယခုအခါ တွင် အသင်း၏ အဓိက ကစားသမား တဦးအဖြစ် အကောင်းဆုံး စွမ်းဆောင်ပြနေကြောင်း တွေ့မြင်​ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here