သူမ၏ ကလေးများအား သာမန် ဘဝမျိုးသာ ပိုင်ဆိုင်စေလိုဟု ဂျေလို ပြောကြား

alt

ကမ္ဘာကျော် အဆိုတော်မင်းသမီး ဂျင်နီဖာလိုပက်စ် (ဂျေလို)က သူမ၏ ကလေးများအား သာမန်ဘဝ ကိုသာ ပိုင်ဆိုင် စေလိုကြောင်း ထုတ်ဖေါ်

ပြောကြားလိုက်သည်။ Back-up Plan မင်းသမီး သည် ခင်ပွန်းသည် နာမည်ကြီး လက်တင် အဆိုတော် မက်အန်တိုနီ နှင့်အတူ မက် နှင့် အမ်မီ အမည်ရှိ အမြွှာမောင်နှမ နှစ်ဦးအား လွန်ခဲ့သည့် (၂)နှစ်က ဖွားမြင် ထားသည်။

သူမက ကလေးများအား နာမည်ကျော်ကြားသူ များအဖြစ် မကြီးပြင်း လာစေလိုကြောင်း၊ အောင်မြင် လူသိများမှုသည် အဆိုးဖက်မှ သက်ရောက်မှုများ ရှိစေပြီး ယင်းကို ကလေးများ မတွေ့ကြံုစေလို​ ကြောင်း ပြောဆိုသွားသည်။

ဂျေလိုက သူမသည် ကလေးများအား အချိန်ပြည့် စောင့်ရှောက် ပေးနေလိုကြောင်း၊ ခင်ပွန်းသည် မက် သည်လည်း ဖခင်ကောင်း တဦးဖြစ်ကြောင်း၊ ကလေး နှစ်ဦးလုံးသည် အေးချမ်း တည်ငြိမ်သော ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်းသာ တွေ့မြင်လိုကြောင်း ပြောကြားခဲ့သည်။

အသက် (၄၀)အရွယ် ဂျေလိုသည် မက်နှင့် (၂၀၀၄)ခုနှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ USA Today သတင်းစာနှင့် အင်တာဗျူးတွင် ဂျေလိုက ကလေးနှစ်ဦး ဖွားမြင်လာခြင်းသည် သူမနှင့် မက် အကြား ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မာ သွားစေ ကြောင်းလည်း ဖွင့်ဟသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here