အမျိုးသမီး သဘာဝ နို့ရည်မှ ဓာတ်ပစ္စည်းက ကင်ဆာ တိုက်ဖျက် ရေး အတွက် အထောက်အကူပြု

alt

သုတေသီများက အမျိုးသမီးများ၏ သဘာဝ နို့ရည်တွင် ပါရှိသော ဓာတ်ပစ္စည်း တမျိုးသည် ကင်ဆာ တိုက်ဖျက်ရေး ဆေးဝါးတခု ဖြစ်လာ

မည့် အခြေအနေ ရှိကြောင်း ကြေညာခဲ့သည်။

Hamlet ခေါ် အက်ဆစ် ဓာတ်ပါသည့် အဆိုပါ ဓာတ်ပစ္စည်းသည် ကင်ဆာ ဆဲလ်များကို တိုက်ဖျက် နိုင်​ကြောင်း သိရှိရသည်။ ဆီးအိမ်ကင်ဆာ ဖြစ်ပွား နေသော လူနာများကို Hamlet ပါဝင်သော ဆေးဝါးကုထုံး များဖြင့် စမ်းသပ် ကုသခဲ့ပြီး ၎င်းတို့၏ ဆီးကို ကုသမှုတကြိမ် ပြီးတိုင်း သုတေသနပြု စစ်ဆေး​ခဲ့ရာ ကင်ဆာရောဂါ တစထက် တစ သက်သာလာသည်ကို ပညာရှင် များက ဖော်ထုတ် တွေ့ရှိခဲ့ကြ​ ရသည်။

လူသားများတွင် လက်တွေ့ မစမ်းသပ် ရသေးသည့် တိုင် ဓာတ်ခွဲခန်း ရလဒ်များက Hamlet သည် ကင်ဆာပိုး အမျိုးအစား အားလုံး၏ (၄၀) ရာခိုင်နှုန်းမျှကို နိုင်နင်းဖွယ် ရှိကြောင်းနှင့် ကျန်းမာရေး အထောက်အကူပြု ဆဲလ်များကို ထိခိုက်မှု မရှိစေသည့် ကောင်းကျိုးလည်း ရှိနေကြောင်း ဆွီဒင်နိုင်ငံ၊ ဂိုသင်ဘတ် နှင့် လွန်း တက္ကသိုလ်မှ သုတေသီ များက ပြောကြားခဲ့သည်။

ပုံမှန်မိခင်နို့ တိုက်ကျွေးခြင်းသည် ကလေးငယ် များတွင် အကြိတ်များ ဖြစ်ပေါ်ခြင်းကို ကာကွယ်​ပေးကြောင်း စစ်ဆေး တွေ့ရှိမှု များအား အခြေခံကာ ယခုစမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Human Alpha-lactalbumin ကို Codename အဖြစ် Hamlet ဟု ပေးထားသော အဆိုပါ ဓာတ်ပစ္စည်းသည် အကြိတ်များကို ချေဖျက်သည့် စွမ်းအင်ထူး ရှိပြီး သဘာဝ နို့ရည်တွင် ပါရှိနေကြောင်း တက္ကသိုလ်မှ လက်ထောက် ပရော်ဖက်ဆာ ရိုဂျာကာဆွန်က ပြောကြား​ ခဲ့သည်။

၎င်းက Hamlet ကို ကင်ဆာဆေးဝါး တခု ဖြစ်လာသည် အထိ တီထွင် သွားလိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဓာတ်ခွဲ ခန်း စမ်းသပ်ချက်များအရ ကျေနပ်စရာရလဒ်များ ပိုင်ဆိုင်နေသည့်တိုင် လိုအပ်သော စီစစ် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်ကြောင်းလည်း ဝန်ခံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here