စစ်အစိုးရနှင့် တွေ့ဆုံရန် အီးယူ အဆင့်မြင့် ကော်မရှင် လက်ခံလိုက်

alt

၂၀၁၀ ရွေးကောက်ပွဲနှင့် ပါတ်သက်​​ သော လိပ်ခဲ​ တင်းတင်း ဖြစ်နေမှု ကိစ္စရပ်များအား စုံစမ်း လေ့လာရန် အီးယူ စုံစမ်း လေ့လာရေး ကော်မရှင်

အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် သွား​ ရောက်တွေ့ဆုံမည် ဖြစ်ကြောင်း ယမန်နေ့ သောကြာနေ့က ဥရောပ သံတမန်ရပ်ကွက် သတင်း​ များအရ သိရှိရသည်။

ဥရောပ ယူနီယံအဖွဲ့က မြန်မာ စစ်ခေါင်းဆောင် များသည် ယခုဥရောပ အထူးကိုယ်စားလှယ် ကော်မရှင်အဖွဲ့ ခေါင်းဆောင် ပီယဲယ်ရိုးဖါဆီနို နှင့်အတူ ပူပေါင်းဆောင်ရွက်မှု အထူးပြုလုပ်ရန် ဥရောပ ၂၇ နိုင်ငံ ကိုယ်စားလှယ်​ များက တနင်္လာနေ့က အီးယူ နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ အတည်ပြု ရာဇသံပေးကာ သဘောထား ထုတ်ပြန်ကြေညာ ထားသည်ဟု ဆိုသည်။

ထိုထုတ်ပြန် ကြေညာချက် အရ ယခင်လများ ဆီက ထုတ်ပြန်ခဲ့သော မြန်မာ စစ်အစိုးရ၏ ရွေးကောက် ပွဲ ဥပဒေများသည် လွတ်လပ်မှု တရားမျှတမှု အလျဉ်းကင်းမဲ့ နေကြောင်း အေအက်ဖ်ပီ သတင်းဋ္ဌာနအား ဝန်ကြီးက ပြောကြားရာတွင် ဖေါ်ပြ​ ထားသည်။ အနှစ် ၂၀အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရ အမျိုးသား ဒီမိုကရေစီ ပါတီ၏ အထိမ်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆန်ခဲ့မှု အပေါ် မြန်မာ စစ်အစိုးရ တို့က ရွေးကောက်ပွဲ ဥပဒေသများအား ပြန်လည်ပြင်ဆင် ညှိုနှိုင်းရန် တိုက်တွန်းမည်ဟု ဆိုသည်။

ဥရောပ သံတမန်တစ်ဦး ကမူ မည်သို့ပင် ဆိုစေကာမူ အီးယူ အနေနှင့် မျှော်လင့်သည်မှာ စစ်အစိုးရသည် အရာရာတိုင်း၌ စနစ်တကျ သက်ရောက်မှုများ ရှိစေလိုကြောင်း ပြောဆို လိုက်သည်။ ဥရောပ ကော်မရှင်၏ အဆင်မြင့် ကိုယ်စားလှယ်များ လက်ခံလာရောက် တွေ့ဆုံရာတွင် NLD နှင့် စစ်အစိုးရတို့၏ ပဋိပက္ခအား လာရောက် အဖြေရှာခြင်းသာ ဖြစ်ပြီး မြန်မာ စစ်​ အစိုးရအား အရှက်ရစေမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here