တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု မြောက် ကိုရီးယား လက်ချက်ဟု မင်္သကာ ဖြစ်နေ

alt

တောင်ကိုရီးယား စစ်ဖက် တာဝန် ရှိသူများက မတ်လအတွင်း နစ်မြုပ် သွားသည့် တောင်ကိုရီးယား ရေတပ် သင်္ဘောသည် မြောက် ကိုရီးယား

တော်ပီဒိုတစင်း ထိမှန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မသင်္ကာ ဖြစ်နေကြသည်။

အမေရိကန် ရေတပ်နှင့်အတူ ပူးတွဲ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည့်တိုင် မတ်လ (၂၆)ရက် နေ့က မြောက်ကိုရီးယားနှင့် နယ်နိမိတ် ထိစပ်နေသော ရေပြင်အနီး သင်္ဘောနစ်မြုပ်မှု၏ အကြောင်းရင်းကို မဖော်ထုတ် နိုင်သေးချေ။ သို့သော်လည်း မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစင်းမှ ပစ်လွှတ်လိုက်သော တော်ပီဒိုကြောင့် ဖြစ်နိုင်ကြောင်း စွပ်စွဲမှုမှာ တစထက် တစ ပြင်းထန်လာလျှက် ရှိသည်။

ယခု အချိန်ထိ အလောင်း (၃၈)ခုကို ရှာဖွေ တွေ့ရှိထားပြီး (၈)ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကာ (၅၈) ဦးကိုမူ တာဝန်ရှိသူ များက ကယ်တင် နိုင်ခဲ့သည်။ တန်ချိန် (၁၂၀၀)ရှိ ချုံနန် စစ်သင်္ဘောသည် ကင်းလှည့်တာဝန် ထမ်းဆောင်နေစဉ် နှစ်ပိုင်း ကျိုးကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး မူလက ကိုရီးယားစစ်ပွဲ ကာလအတွင်း မြောက်ပိုင်း ကွန်မြူနစ်နိုင်ငံက ထောင်ထားသည့် ရေမြှုပ်မိုင်း တလုံးအား ဝင်တိုက်မိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သေးသည်။

မြောက်ကိုရီးယား ကမူ တောင်ကိုရီးယားသည် သင်္ဘော နစ်မြုပ်မှုအတွက် မိမိတို့အား အခြေအမြစ်မရှိ စွပ်စွဲမှုများ ပြုလုပ် နေခြင်းသာ ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပါတ်က ဝေဖန် ပြောကြားခဲ့သေးသည်။ တောင်ကိုရီးယား ရေတပ်ကမူ စစ် သင်္ဘော နစ်မြုပ်မှု အကြောင်းရင်းအား တိကျစွာ သိရှိနိုင်သည်အထိ ဆက်လက် စုံစမ်းသွားမည်ဟု ကတိပြုပြောဆို ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here