ဆွစ်ဇာလန်တွင် သီဆို ဖျော်ဖြေစဉ် ရီဟာနာ ဒဏ်ရာရရှိ

alt

ဆွစ်ဇာလန်တွင် သူမ၏ Last Girl on Earth ကမ္ဘာလှည့် ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် R&B အဆို တော်မလေး ရီဟားနားမှာ ဒဏ်ရာ ရရှိခဲ့သဖြင့်

ပုဂ္ဂလိက ဆေးရုံတခုသို့ တက်လိုက်ရကြောင်း သိရှိရသည်။

သို့သော်လည်း ဧပြီလ (၁၉)ရက် နေ့က ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသော အသက်(၂၂)နှစ် အရွယ် ကာရစ်ဘီယံ ပင်လယ်ဒေသမှ ဘာဘေးဒိုးဖွား အဆိုတော် မလေးမှာ စိုးရိမ်စရာ မရှိဟု ဆိုသည်။ သူမ သည် ဇူးရစ်မြို့ ဖျော်ဖြေပွဲတခုတွင် မတော် တဆ ထိခိုက်မှုကြောင့် နံရိုးတွင် နာကျင်မှု ခံစားရ ပြီးနောက် ဇူးရစ်ရှိ ပုဂ္ဂလိက ပြင်ပဆေးရုံ တခုသို့ တက်ရောက်ကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ စမ်းသပ် စစ်ဆေးမှု အားလုံးအရ ရီဟားနား၏ အခြေအနေမှာ စိုးရိမ်စရာ လုံးဝမရှိ​ ကြောင်း သူမ၏ ကိုယ်စားလှယ်က အမေရိကန် အခြေစိုက် People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ သူမသည် ဒဏ်ရာရပြီး နောက်တနေ့ တွင်ပင် ပြင်သစ်နိုင်ငံ လိုင်ယွန်​ မြို့တွင် သူမ၏ Last Girl on Earth နယ်လှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို ဆက်လက် တင်ဆက်ခဲ့ပြီး နောက်တညတွင် မာဆေး၌ ဖျော်ဖြေခဲ့ သည်။

သူမ၏ ဒဏ်ရာသည် အတန်ငယ် နာကျင်နေဆဲ ဖြစ်သည် မှအပ အရှင်း ပျောက်ကင်းစ ပြုနေပြီဟု ကိုယ်စားလှယ်ဖြစ် သူက အတည်ပြု ပြောဆို​ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here