အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံရသည့် သီရိလင်္ကာ စစ်တပ်အကြီး အကဲဟောင်း ယာယီ လွတ်မြောက်လာ

alt

ရွေးကောက်ပွဲတွင် အရေးနိမ့်ပြီးနောက် အာဏာ​ သိမ်းရန် ကြံစည်ကြောင်း စွပ်စွဲမှုဖြင့် ဖမ်းဆီး​ ခံထားရသည့် သီရိလင်္ကာ စစ်တပ် အကြီးအကဲ​ ဟောင်း

ဆာရက် ဖွန်ဆီကာသည် ယခုအခါ ယာယီအားဖြင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဖွန်ဆီကာသည် ၎င်း၏ ပြိုင်ဖက်ဖြစ်သူ လက်ရှိသမ္မတ မာဟင်ဒါ ရာဂျာ​ ပက်ဆား အား ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ နှစ်ဦးသည် တမီလ် ကျားသူပုန်များအား နှိမ်နင်းစဉ်က အတွဲညီသော မဟာမိတ်များ ဖြစ်ခဲ့သည့်တိုင် နောက်ပိုင်းတွင် ဆက်ဆံရေး ဆိုးရွားလာပြီး ရွေးကောက်ပွဲတွင် အကြီးဆုံး ပြိုင်ဖက်များ ဖြစ်လာခဲ့သည်။

ဖွန်ဆီကာသည် ဇန်နဝါရီလ ရွေးကောက်ပွဲ ပြီးနောက် စစ်တပ် အစောင့်အရှောက်ဖြင့် နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၈)ရက် နေ့က အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ယခုအခါ ဒီမိုကရက်တစ် အမျိုးသား မဟာမိတ်ပါတီအား ပြန်လည် ဦးဆောင်မည် ဖြစ်သည်။ ဖွန်ဆီကာ က နိုင်ငံတွင် ဒီမိုကရေစီ၊ စည်းကမ်းကျ နသော ဥပဒေ၊ လူတဦးချင်းစီနှင့် မီဒီယာ လွတ်လပ်ခွင့်များ လိုအပ်နေကြောင်း ပါလီမန်သို့ ပြောဆိုခဲ့ဖူးသည်။ ၎င်း၏ ပါတီသည် ပါလီမန်တွင် လွှတ်တော် အမတ်​ နေရာ (၇)ခုကို ပိုင်ဆိုင်ထားသော်လည်း လွှတ်တော်ကို သမ္မတ၏ ပြည်သူ့ လွတ်လပ်ရေး မဟာမိတ် ပါတီကသာ ကြီးစိုး​ ထားသည်။

ဧပြီလ (၈) ရက်နေ့က ပါလီမန် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ဖွန်ဆီကာသည် ၎င်း၏နေရာကို လက်ခံသည့် အခမ်းအနား​ သို့ တက်ရောက်ခွင့် ရထားသော်လည်း ပြန်လည် အထိန်းသိမ်း ခံရမည်ဟု သီရိလင်္ကာ အာဏာပိုင်များက ဆိုသည်။ သီရိလင်္ကာ သမ္မတ ရာဂျာပက်ဆား သည် ယခု သီတင်းပါတ်အတွင်း ကျောင်းဆရာဟောင်း တဦးဖြစ်သည့် အသက် (၇၀)​ ကျော်​ အရွယ် ဂျာရန်တီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here