ချဲလ်ဆီးအသင်းမှ နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူရန် ပစ်မှတ်ထားသည့် ကစားသမား နှစ်ဦး

alt

ချဲလ်ဆီး အသင်းသည် နွေရာသီ အပြောင်းအရွှေ့ ကာလအတွက် အဓိက ခေါ်ယူမည့် ကစားသမားများ အဖြစ် ဆာဂျီယို အဂွေရို နှင့်

ဖရန့်ရီဘာရီ တို့အား ပစ်မှတ်ထား နေကြောင်း သိရသည်။

ဗြိတိန်ရှိ Goal.com ဝဘ်ဆိုဒ်က ချဲလ်ဆီးသည် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အဂွေရို အား စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် ထံမှ ယူရို သန်း(၆၀)မျှ ပေးပြီးအရ ခေါ်သွားဖွယ် ရှိ နေကြောင်း ဖော်ပြခဲ့သည်။

ဥရောပ ထိပ်တန်း ကလပ်အသင်း အတော် များများက စိတ်ဝင်တစား စောင့်ကြည့် နေသည့် အသက် (၂၁)နှစ်ရှိ တိုက်စစ်မှူး လေးအား ချဲလ်ဆီးနည်းပြ ကာလို့စ် အန်ဆလော့တီက အထူး သဘောကျ နေခဲ့သည်။ အန်ဆလော့တီသည် တိုက်စစ်တွင် လက်ရှိအချိန်၌ အားထား နေရသော်လည်း အသက်အရွယ် အရ အကျပိုင်း ရောက်လာသည့် ဒီဒီရာဒရော့ဘာ နှင့် နီကိုလတ် အဲယ်နယ်ကာ တို့နေရာတွင် အဂွေရို အား ရေရှည် အစားထိုးသွားရန် စဉ်းစားလျက် ရှိသည်။

ထို့အပြင် အသက် (၂၇)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံလူ ရီဘာရီကိုလည်း ချဲလ်ဆီးက ကြိုးပမ်းနေသည်။ ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်၏ ကစားသမား ကိုယ်တိုင်ကမူ ချဲလ်ဆီးထက် စပိန်မြေသို့ ပြောင်းကစားလိုကြောင်း ထုတ် ဖော်ဝန်ခံ ထားသည်။ သို့သော်လည်း အသင်းမှ ဂျိုးကိုး ထွက်ခွာရန် သေချာသလောက် ရှိနေသော အနေအထားတွင် ချဲလ်ဆီးသည် ရီဘာရီအား မဖြစ်မနေ ကြိုးပမ်းသွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here