မီးတောင် ပြာမှုန်များကြောင့် ရပ်နားခဲ့ရသည့် ဥရောပ လေကြောင်း ခရီးစဉ်များ ပြန်လည် ပြေးဆွဲ

alt

အိုက်စ်လန်း မီးတောင်ပြာမှုန်များ ပိတ်ဖုံးနေ​ သဖြင့် တပါတ်မျှ ဆိုင်းငံ့ထားရသော ဥရောပ လေကြောင်း ခရီးစဉ် အားလုံးနီးပါးကို

ဧပြီလ (၂၂)ရက် နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီဟု သိရှိရသည်။

အိုက်စလန် ကျွန်းပေါ်ရှိ မီးတောင်ကြီး ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ပြာမှုန်များ​ ကြောင့် မြောက်ဝင်ရိုးစွန်းမှ တောင်ပိုင်း မြေထဲ​ ပင်လယ် ကမ်းစပ်အထိ မီးတောင်ပြာ တိမ်တောင်​ ကြီးများ ပေါ်ထွန်းနေပြီး လေကြောင်းခရီးစဉ် အမြောက်အမြားကို ဆိုင်းငံ့ထားရသည်။ ဧပြီလ (၂၀)ရက် နေ့မှ စတင်ကာ အချို့သော လေယာဉ် ခရီးစဉ်များကို ပြန်လည် ပြေးဆွဲခဲ့သော်လည်း အန္တရာယ်ရှိ သော အနေအထားမျိုးဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

တပါတ်မျှ ကာလအတွင်း ခရီးသည် (၆)သန်းကျော်မျှ ဒုက္ခကြံုခဲ့ရသလို လေကြောင်းလိုင်းများ၏ စုစု ပေါင်းနစ်နာမှု တန်ဖိုး​ သည် ပေါင်စတာလင် (၁.၇) ဘီလျံကျော် အထိ ရှိခဲ့ကြောင်း သိရှိရသည်။ ယခုအခါ လေကြောင်းလိုင်းများ ပုံမှန်မျှ ပြေးဆွဲ ပျံသန်းနေသည့်တိုင် လေဆိပ်များတွင် သောင်တင်နေသော ခရီးသည် ထောင်ပေါင်းများစွာ ရှိနေသေးသည်။ ဥရောပတွင် ဖြစ်ပေါ်ခဲ့သော တိမ်တိုက်များကြောင့် ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီတို့ အပါအဝင် ဥရောပနိုင်ငံ (၂၀)မျှတွင် လေ​ ကြောင်းလိုင်းများ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here