ဗုံးပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံ ရိုက်သူနှစ်ဦးအား ဖမ်းဆီးသည့် အကြောင်းရင်း ဖြေရှင်းချက် ထုတ်ရန် တောင်းဆို

alt

မဟာသကြင်္န် အကြတ်နေ့ က ရန်ကုန်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက် ကွဲမှုများအား မှတ်တမ်း ဓာတ်ပုံ ရိုက်ယူခဲ့သည့် သတင်းထောက်

တဦးနှင့် သားဖြစ်သူ တို့မှာ ယခုအခါ အဖမ်းခံ ထားရကြောင်း သိရှိရသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာ သတင်းသမဂ္ဂ တို့က မြန်မာ့ စစ်အာဏာပိုင် များအား ယင်းတို့ကို ဖမ်းဆီးထား ရခြင်း၏ အကြောင်းရင်း အား ဖြေရှင်းချက် ထုတ်ပြန်ပေး ရန် တောင်းဆိုခဲ့သည်။ အဆိုပါ သတင်းထောက်နှင့် ပန်းချီဆရာ သားကြီးဇေယျ နှင့် သားဖြစ်သူ စည်သူဇေယျ တို့မှာ ဧပြီလ (၁၅)ရက်နေ့က ကန်တော်ကြီးတွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ယူခဲ့သဖြင့် ဖမ်းဆီး ခံထားရခြင်းဟု ယူဆရဖွယ် ရှိနေသည်။

အကယ်၍ ၎င်းတို့သည် ဗုံးပေါက်ရာ နေရာများကို ဓာတ်ပုံရိုက်မှုဖြင့် ဖမ်းထားခြင်း ဖြစ်ပါက ချက်ချင်းလွှတ်ပေး သင့် ကြောင်း ထိုသတင်း အဖွဲ့ကြီးနှစ်ခုက ပြောကြားခဲ့သည်။ အာဏာပိုင်များ အနေနှင့် ဆူပူလှုပ်ရှားမှုကို ဖန်တီးသူ များအား ခြေရာခံ ဖော်ထုတ်နိုင်ရန် အခွင့်အရေး အပြည့်အဝ ဆောင်ရွက်နိုင်ကြောင်း၊ သို့သော်လည်း သတင်းအချက် အလက် စုဆောင်းသူ များကို မှားယွင်းစွာ ပစ်မှတ်ထား ဖမ်းဆီးခြင်းအား ရှောင်ကြဉ်သင့်ကြောင်း အဖွဲ့အစည်းကြီး နှစ်ခုက ကြေညာခဲ့သည်။

သားကြီးဇေယျနှင့် သားဖြစ်သူ တို့သည် ဧပြီလ (၁၇)ရက် နေ့က ဖမ်းဆီးခံရခြင်း ဖြစ်ပြီး သားဖြစ်သူက ဗုံးပေါက်ကွဲသည့် နေရာ(၃)ခုကို ဓာတ်ပုံ ရိုက်ထားခြင်းကြောင့် အဖမ်းခံ ရခြင်းဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ကန်တော်ကြီး ပန်းခြံ ပတ်လမ်းတွင် ဒေသစံတော်ချိန် ညနေ(၃)နာရီ ဝန်းကျင်က အိပ်စ်တူးအို ရေကစား မဏ္ဍပ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု များအတွင်း လူ(၁၀)ဦး သေဆုံးပြီး (၁၇၀)ကျော် ဒဏ်ရာရခဲ့ကြောင်း စစ်အစိုးရက ကြေညာပြီး ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများ၏ လက်ချက်ဟု ပြစ်တင် ပြောကြားလျှက် ရှိနေသည်။

အဝန်းအဝိုင်းနှင့် နီးစပ် သူများက ရဲတပ်ဖွဲ့သည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သူ စာရေးဆရာ သားကြီး မောင်ဇေယျအား ပစ်မှတ်သဖွယ် ယူဆခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာ သတင်းအဖွဲ့ချုပ် တို့ထံ ပြောကြားခဲ့သည်။ အသက် (၅၅)နှစ်ရှိ မောင်ဇေယျသည် သားကြီးမောင်ဇေယျ ကလောင် အမည်ဖြင့် လူသိများသူ ဖြစ်သည်။ ၎င်းသည် နာမည်ကျော် စာရေးဆရာကြီး လင်းယုန် မောင်မောင်၏ သားလည်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here