ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများ နိုင်ငံ အရှေ့မြောက်ပိုင်း ကျေးလက်ဒေသ များထိ ပျံ့နှံ့လာ

alt

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု များသည် မြို့တော် ဘန်ကောက် မှ​ တဆင့် အရှေ့ မြောက်ပိုင်းရှိ

တောပိုင်း ဒေသများထိ ပျံ့နှံ့လာခဲ့ ပြီးနောက် စစ်တပ် ရထားတစင်းအား ဆန္ဒပြသူများက ပိတ်ဆို့​ မှုများ ပြုလုပ်ထားသော်လည်း ဧပြီလ (၂၂)ရက် နေ့တွင် သက်ဆိုင်ရာ စစ်ဌာနသို့ ပြန်ခွင့်​ ပေးလိုက် ပြီ​ဟု သိရသည်။

မြောက်ပိုင်းမြို့ ခွန်ခမ်တွင် ဧပြီလ (၂၀)ရက်နေ့က လက်နက်ခဲယမ်းများ အထူး တပ်ဆင်ထားသော စစ်သည်များ လိုက်ပါလာသည့် ရထားအား အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ များက တားဆီးခဲ့​ခြင်း​ ဖြစ်သည်။ ထို့အပြင် အခြားသော ဆန္ဒပြသူ အဖွဲ့များကလည်း စစ်တပ် ဘတ်စ်ကား (၃)စင်းအား ပိတ်ဆို့ ထားပြီးနောက် ထိုကားများသည် စစ်တန်းလျားသို့ လှည့်ပြန်သွားခဲ့ရသည်။

ခွန်ခမ် ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး ပက်တာနီ ဆီရီဝတ်ထနီက စစ်သားများနှင့် ဆန္ဒပြသူများ ညှိနှိုင်းပြီးနောက် စစ်သားများက အခြေစိုက်စခန်း ပြန်ရန် သဘောတူ​ညီ​ခဲ့သဖြင့် ပိတ်ဆို့ထားရာမှ ပြန်လွှတ် ပေးလိုက်ခြင်းဟု ပြောကြား ခဲ့သည်။ စစ်သား (၁၅၀)လုံးသည် ယခုအခါ သက်ဆိုင်ရာ စခန်းသို့ ဘေးမသီ ရန်မခ ပြန်ရောက်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ဆန္ဒပြမှုများမှာ အရှိန်အဟုန်နှင့် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

မတ်လလယ်မှ စတင်ခဲ့သော ဆန္ဒပြမှုများသည် ဧပြီလ အစောပိုင်းက အရှိန်မြင့်တက်လာပြီး ပဋိပက္ခများ အတွင်း လူ(၂၅) ဦး သေဆုံးခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်​ ရှီနာဝပ်ကို ထောက်ခံသည့် ဆန္ဒပြသူများက လက်ရှိဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ အား ရာထူးမှ နှုတ်ထွက်ကာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် တောင်းဆိုနေကြပြီး ၎င်းတို့၏ ရည်မှန်းချက် မအောင်မြင်မချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကြွေးကြော်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here