မြန်မာနိုင်ငံမှ Fame ဆေးဝါး ကုမ္မဏီ အော်ဂဲနစ် ပရ ဆေးဝါးများ အစ္စရေးသို့ တင်ပို့

alt

မြန်မာနိုင်ငံမှ ပရဇီဝ ဆေးဝါး ထုတ်လုပ်ရေး ကုမ္မဏီ တခုမှ ပြည်ပ ထုတ်လုပ် ရောင်းချရန် ရည်ရွယ် ပြီး ဓါတ်မြေဩဇာ မသုံးပဲ

သဘာဝ မြေဆီများဖြင့် စိုက်ပျိုးထားသော အော်ဂဲနစ် ဆေးဖက်ဝင် အပင်မှ ထုတ်ကုန်များကို အစ္စရေး နိုင်ငံ သို့ ရောင်းချခဲ့သည်ဟု သိရှိရသည်။

မြန်မာ ပရ ဆေးဝါးများ ဈေးကွက်ဝင်ရန် အတွက် နောက်လတွင် ထိုကုမ္မဏီမှ အစ္စရေးသို့ သွား ရောက် လေ့လာမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် ဆင်ဟွာ သတင်းတွင် ဖေါ်ပြထားသည်။ ထိုကုမ္မဏီ၏ ရည်ရွယ် ချက်မှာ မြန်မာပြည်ထွက် အော်ဂဲနစ် ပရ ဆေးဝါးများအား ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖေါက် ဝင်ရောက်နိုင်ရန် အတွက် အစ္စရေးနိုင်ငံ မှတဆင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ ဥရောပ နိုင်ငံများ ဈေးကွက်သို့ ကုန်စည် စီးဆင်းနိုင်ရန် ဈေးကွက် ချဲ့ထွင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အော်ဂဲနစ် ဆေးဖက်ဝင် ကုန်ပစ္စည်းများ ယခု တင်ပို့ရောင်းချသော Fame ကုမ္မဏီမှာ မြန်မာနိုင်ငံ တွင် အခြေစိုက်သော ပထမဆုံး ပုဂ္ဂလိက ဆေးဝါးကုမ္မဏီ ဖြစ်သည်ဟု ဆိုသည်။ ယင်း Fame ကုမ္မဏီ၏ ယခု ထုတ်လုပ် ရောင်းချနေသော တိုင်းရင်းသား ရိုးရာ ဆေးဖက်ဝင် ကုန်ပစ္စည်း အမယ်ပေါင်း ၄၅မျိုး ရှိပြီး၊ ယခုအခါ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျာမဏီနှင့် ဂျပန် တင်ပို့ ရောင်းချနေကြောင်း သိရှိရသည်။

၁၉၉၈ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ဇေကမ္ဘာ ဦးခင်ရွှေ ဒုတိယဥက္ကဋ္ဌ လုပ်ကာ စတင် တည်ထောင်ခဲ့သော Alpha Group International Co.,Ltd မှလည်း အလားတူ ဆေးဖက်ဝင် ဆေးဝါး ထွက်ကုန်များကို နိုင်ငံတကာ အဆင့်မီ တိုင်းရင်းဆေးဝါး စက်ရုံများ တည်ဆောက်ကာ ဖြန့်ချီနေသည်ဟု သိရှိရသည်။ ယင်း Alpha Group သည် နယူးဇီလန်၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အခြားသော အာရှနိုင်ငံများတွင် ဆေးဝါးစက်ရုံများ တည်ဆောက်ကာ အစွမ်းထက် တိုင်းရင်း ဆေးဝါးများကို ကမ္ဘာ အနှံ့ အပြားသို့ ဖြန့်ချိနေခြင်း ဖြစ်သည်။

ထို Alpha Group တွင် နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း James Blut နှင့် အာရှ-ပစိဖိတ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့ဥက္ကဋ္ဌ Tang Chen, United Arab Emirated မှ မင်းသား Abdukrahman တို့ပါဝင် ရင်းနှီးမြှုပ်နှံမှု ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here