မြန်မာနှစ်ကူး အတာသကြင်္န်တွင် ယာဉ်တိုက်မှုကြောင့် လူ ၅ဦး သေဆုံးပြီး ၃၃ဦး ဒဏ်ရာရ

alt

ရန်ကုန်မြို့ ယာဉ်ထိမ်းရဲ ပြောရေး ဆိုခွင့်ရှိသူ တဦးက ဗုဒ္ဓဟူးနေ့တွင် မြန်မာနှစ်ကူး အတာသကြင်္န် ကာလ အတွင်း ရန်ကုန်မြို့၌ ယာဉ်တိုက်မှု ကြောင့်

လူ၅ဦး သေဆုံးကာ ၃၃ဦး ထိခိုက်ဒဏ်ရာ ရှိကာ ယာဉ် တိုက်ခိုက်မှုပေါင်း ၂၁မှု ယခင်အပါတ် သကြင်္န်တွင်း ကာလအတွင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခင် နှစ်ကလည်း အလားတူ သကြင်္န်တွင်း ကာလ မှာပင် လူ ၅ဦး သေဆုံးကာ ၄၅ဦး ထိခိုက် အနာတရ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ထူးခြားစွာ နှစ်သစ်ကူး ကာလအတွင်း ပျော်ရွှင်မူးရူးကာ ယာဉ်မောင်း၍ ယာဉ် တိုက်ခိုက်မှုကြောင့် မဟုတ်ပဲ ဗုံးပေါက်ကွဲမှု ကြောင့် လူ ၈ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၇၀ ကျော်ရှိသည်ဟု ဆင်ဟွာ သတင်းတွင် ဖေါ်ပြ ထားသည်။ ယင်း ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု မှာ ဧပြီလ ၁၅ရက်နေ့က သကြင်္န် ၃ရက်မြောက်နေ့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X-2-O ရေကစား မဏ္ဍပ် အရှေ့၌ အခင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစ ပထမ က ယင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၇၀ ရှိသည်ဟု စစ်အစိုးရ သတင်းများက ထုတ်ပြန်ကြေညာ ထားသော်လည်း ယခု သေဆုံးသူ လူဦးရေ ၂ ဦး တိုးလာသည်ဟု အမည် မဖေါ်လိုသူ တဦးက ပြောကြား​ လိုက်ပြီး အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုမှာ ဝမ်းဗိုက် ပွင့်သွားတဲ့ အထိ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဗုံးစ အသည်းမှာ စိုက်နေသဖြင့် စိုးရိမ်စရာ အခြေအနေကြောင့် စင်ကာပူ နိုင်ငံမှာ ဆေးသွားကုဖို့ အထိ ပြင်ဆင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here