ဖို့တ်ဝိန်းက မြန်မာ မဝင်ရ အမှု ဆိုင်တွင် ဆီးသွားထားဟု စစ်ဆေး တွေ့ရှိ

alt

အမေရိကားတွင် မြန်မာ ၅ထောင် ကျော် နေထိုင်လျှက် ရှိသော အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်း မြို့ တွင် လွန်ခဲ့သော မတ်လ အတွင်းက

ရစ်ကာ ရေနံ ကုမ္မဏီပိုင် လောင်ဒရီစီးတီး အဝတ်လျှော် လုပ်ငန်း၌ သန့်ရှင်းရေး အကြောင်း ပြချက် ကြောင့် “မြန်မာ မဝင်ရ” စာကပ် ထားရာမှ အမေရိကန် နိုင်ငံ မြို့ပြ ဥပဒေနှင့် ငြိစွန်း၍ မြန်မာများ အပြင် အမေရိကန် များပါ ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့သော ကြားနာမှု၏ ရလဒ်ကို ဖို့တ်ဝိန်း အင်တာနက် စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားသည်။

အင်ဒီယားနား မြို့ပြ ပြည်သူ့ ဆက်ဆံရေး ကော်မရှင်မှ ဒါရိုက်တာ ဂါရယ်ဖိုဒေးလ် မှ ဦးဆောင်ကာ ထို အငြင်းပွား နေသော ကိစ္စရပ်အား ရစ်ကာ ရေနံကုမ္မဏီ နှင့် အငြင်းပွားရာ ဖို့တ်ဝိန်း တောင်ပိုင်း ရပ်ဒီစီလ် ရိပ်သာလမ်း အနီး ကောဟောင်းလမ်း ရှိ လောင်ဒရီ စီးတီး ဆိုင်တို့အား စစ်ဆေးခဲ့သည်ဟု ဆို သည်။ ဖိုဒေးလ်မှ တရားဝင်စာကို ယခု အပါတ် အတွင်း ထုတ်ပြန်မည်ဟု ပြောဆို လိုက်သည်။

ရစ်ကာ ကုမ္မဏီ ဝန်ထမ်းများ အပါအဝင် ၂ဦး၂ဖက်အား စစ်ဆေးရာတွင် ပိုက်ဆံ အကြွေထည့်၍ အဝတ်လျှော် ရသော ဆိုင်တွင် အဝတ်လာလျှော် ကြသော မြန်မာများမှာ ကွမ်း တံတွေးများ ထွေးထားခဲ့ခြင်း၊ သွေးစွန်းသော အဝတ်များ ချန်ထား ပစ်ခဲ့ခြင်းတို့ တွေ့ရှိ ရတယ်လို့ စစ်ဆေးရေးမှူး တွေက ဆိုသည်။ ဖိုဒေးလ် ကတော့ ဒီ အငြင်းပွားမှုမှာ ၂ဦး ၂ဖက် လုံးမှာ အမှားတွေ ရှိခဲ့တယ်လို့ ပြောဆိုလိုက်ပြီး၊ သူ့ စစ်ဆေးရေး အေးဂျင့်တွေက အဝတ်လျှော်ဆိုင် ကြမ်းပြင်မှာ သေးတွေ ပေါက်ထားတာ အထောက်အထားနဲ့ တွေ့ရှိရပြီး အခြားသော မီဒီယာ အချို့လည်း ဒီ အကြောင်းအရာကို ဖေါ်ပြပြီး ဖြစ်တာ တွေ့ရှိရတယ်လို့ ဆိုသည်။

မြန်မာ မဝင်ရ ဆိုင်းဘုတ် ကပ်ပြီးနောက် အငြင်းပွားမှုကြောင့် ဆိုင်မှ ဆိုင်းဘုတ်ဖြုတ်ပြီး နောက်ပိုင်း ၁ဒါဇင်ခန့် ရှိသော မြန်မာများ အလန်ကောင်တီ တရားရုံးရှေ့၌ လူမျိုး ရေး ခွဲခြားခံရမှုဟု ဆိုကာ ဆန္ဒပြနေမှုကြောင့် များမကြာမီ ရက် အတွင်း မြို့တော်ဝန် တွမ်ဟင်နရီ မှ မြန်မာ အဝန်းအဝိုင်း ခေါင်းဆောင် အချို့နှင့် တွေ့ဆုံခဲ့သည်ဟု သိရှိ ရသည်။

လောင်ဒရီစီးတီး အဝတ်လျှော် လုပ်ငန်းပိုင်ရှင် ရစ်ကာ ရေနံကုမ္မဏီ သူဋ္ဌေး ဂျေးရစ်ကာမှ မိမိ၏ ကုမ္မဏီ ဝန်ထမ်းများ အပြုအမူကြောင့် ဖြစ်ရသော ပြဿနာအား ဖို့တ်ဝိန်းရှိ မြန်မာ မိသားစုများအား နောက်တကြိမ် တရားဝင် ထပ်မံ တောင်းပန် လိုက်ပြီး၊ မြန်မာ အသိုင်းအဝိုင်းအား အကူညီပေးမှုများ၊ လှူဒါန်းမှုများ ပြုလုပ်ဦးမည်ဟု ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here