ဂွာတာနာမို က လွတ်လာတဲ့ ဟာရိုး နှင့် ကူးမား, ရုပ်ရှင်စတား ကားလ် ပန်င် ဟောလီးဝုဒ် ပြန်ခါမှ လုယက် ခံရ

alt

၂၀၀၈ ခုနှစ်က ရိုက်ကူးသော Harold & Kumar Escape from Guantanamo Bay ဟာသ အက်ရှင် ရုပ်ရှင် ဇါတ်ကားဖြင့် လွန်စွာ အောင်မြင်ခဲ့သော

အမေရိကန် နိုင်ငံဖွား အိန္ဒိယ အမျိုးသား ကားလ် ပန်င် မှာ ၂၀၀၉ ခုနှစ် အစောပိုင်း ကာလကပင် အိမ်ဖြူတော်ရှိ သမ္မတ အိုဘားမား အစိုးရအဖွဲ့၌ ပြည်သူ့ ဆက်ဆံရေး ညှိနှိုင်းမှုရုံးတွင် တွဲဖက် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်နေရာမှ ယခု အခါ ဟောလီးဝုဒ် ရုပ်ရှင်လောကသို့ ပြန်လာ တော့မည်ဟု ထုတ်ဖေါ် ကြေညာလိုက်သည်။

ထိုသို့ ပြောကြားစဉ် အင်္ဂါနေ့ အစောပိုင်းက ကံကောင်း အကြောင်းမလှစွာဖြင့် နံနက် ၁နာရီ မိနစ်၂၀ က ပန်င် မှာ ဝါရှင်တန် ဒီစီတွင် လမ်းလျှောက်၍ အိမ်ပြန်လာစဉ် လူတဦး အနားကပ် လာပြီး သေနတ်ထောက်ကာ ပိုက်ဆံအိတ် နှင့် အခြား ကိုယ်ပိုင်ပစ္စည်းများ လုယူ သွားသဖြင့် ပန်င် က ဒီစီ ရဲတပ်ဖွဲ့သို့ တိုင်ကြား ထားသည်ဟု သိရှိရသည်။

ကားလ်ပန်င် မှာ အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သော ဟိန္ဒူ ဘာသာဝင် မိဘ၂ပါးမှ နယူးဂျာစီ တွင် မွေးဖွားပြီး UCLA တက္ကသိုလ်တွင် ရုပ်ရှင်နှင့် လူမှုရေး ဘာသာရပ်တို့ ဘွဲ့ရရှိထားသူ ဖြစ်ပြီး၊ ယခု အခါ စတင်းန်ဖို့တ် တက္ကသိုလ်တွင် နိုင်ငံ တကာ လုံခြံုရေး ဘာသာရပ် သင်ကြားလျှက်ရှိသည်။

ပန်င်မှာ ယခင် ကျောင်းနေစဉ် ၁၉၉၈ ခုနှစ်တွင် Express ဇါတ်ကားဖြင့် ဟောလီးဝုဒ် ရုပ်ရှင်လောကသို့ ဝင်ရောက် လာပြီး သူ၏ ထင်ရှားသော ဇါတ်ကားများမှာ Malibu’s Most Wanted ၊ The Rise of Taj ၊ Epic Movie နှင့် ဂျွန်ချို နှင့် အတူ သရုပ်ဆောင်သော ဟာရိုး နှင့် ကူးမား ဂွာတာနာမို ပင်လယ်အော် အကျဉ်းစခမ်းမှ လွတ်မြောက်ခြင်း ဇါတ်ကားတွင် လူသိများလာခြင်း ဖြစ်သည်။ ပန်င် သည် အမေရိကန် နိုင်ငံတွင်းမှ တီဗွီ ဇါတ်လမ်းတွဲများ ဖြစ်သော ER, NYPD Blue, Homeland Security,House တို့တွင်လည်း နာမည်ရနေသူ ဖြစ်သည်။ ကားလ်ပန်င်အား သူ၏ ပရိသတ် အချို့ှုမှ Escape from Guantanamo Bay ထိုဇါတ်ကားတွင်းမှ ဇါတ်ကောင် နာမည် ကူမား ဟုခေါ်ဆိုလျှက် ရှိကြသည်။

ယခုအခါ အိုဘားမား အစိုးရ၏ ကြီးမားသော တာဝန်များအား ချန်ထားရစ်ကာ A Very Harold & Kumar Christmas ဇါတ်ကားသစ် ရိုက်ကူးရန် အတွက် ဟောလီးဝုဒ် မြေသို့ ပြန်နင်းမည် ဖြစ်ကြောင်း ယနေ့ထုတ်ဖေါ် ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here