နေပြည်တော်နှင့် မန္တလေးတွင် အင်တာနက် ဖိုင်ဘာ ဆက်ကြောင်း ပြီး၍ ဝိုင်မက်စံနစ် သုံးတော့မည်

alt

ရန်ကုန်မြို့မှ တဆင့် အဓိကမြို့ကြီးများ ဖြစ်သော မန္တလေး နှင့် နေပြည်တော် တို့ကို ဖိုင်ဘာ ဆက် ကြောင်းများ ပြီးစီးသွားပြီ ဖြစ်သဖြင့်

ထိုမြို့ကြီးများတွင် မြန်နှုန်းမြင့် အင်တာနက် လိုင်းများ သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ ကြေညာလိုက်ပြီ ဖြစ် သည်။

အင်တာနက် အမြန်နှုန်း ၁ ဂျီဂါဘိုက်မှ ၁၀ ဂျီဂါ ဘိုက် အထိ အမြန်နှုန်းများ မြင့်တက်လာမည် ဖြစ် ပြီး၊ ထိုဖိုင်ဘာ ဆက်ကြောင်းမှာ ပြင်ဦးလွင်ရှိ ရတနာပုံ ဆိုက်ဘာစီးတီးမှ တိုက်ရိုက် ဆက်သွယ်ခြင်း ဖြစ်သည်၊ ထိုမှတဆင့် တနိုင်ငံလုံး ကျယ်ပြန့်စွာ ဖြန့်ကျက် ဆက်သွယ် ဦးမည်ဟု ပြောကြားလိုက် သည်။

ယခုနှစ် ဂျွန်လ မှာပင် ရန်ကုန်မြို့၌ ဆက်ကြောင်း ဆက်သွယ်မှု ပြီးစီးမည်ဟု မျှော်လင့်ထားသလို ရန်ကုန်မြို့တွင် Wimax စံနစ် အင်တာနက် ဆာဗစ်၂၀၀၀ ခန့် အသုံးပြုနိုင်မည် ဖြစ်ပြီး မန္တလေး၌ ဝိုင်မက်ဆာဗစ် ၃၅၀ရရှိမည်ဟု သိရှိရပြီး၊ မြန်မာနိုင်ငံတွင် ဝိုင်မက်ဆာဗစ် အင်တာနက် စံနစ်သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ကတည်းကပင် မိတ်ဆက် အသုံးပြုနေပြီ ဖြစ်သည်ဟု သိရှိရသည်။ ယခု ဖိုင်ဘာ ဆက်ကြောင်းမှာ user များသည် အင်တာနက် ဆက်ကြောင်းကို ဖိုင်ဘာ လမ်းမကြီး ပေါ်တွင် တိုက်ရိုက် အသုံးပြု၍ ၁၀ ဂျီဂါဘိုက် အထိ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး ယခင် အသုံးပြုနေသော စံနစ်မှာ E1 လိုင်းမှ အသုံးပြု သဖြင့် မြန်နှုန်း capacity နိမ့်ခြင်း ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး ဋ္ဌာနမှ တာဝန်ရှိသူက ဆိုသည်။

အများပြည်သူ အသုံးပြုနိုင်သော အင်တာနက်ဆိုင်များ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ကပင် မြန်မာနိုင်ငံတွင် အသုံးပြုခွင့် လိုင်စင် ချပေးရာမှ ယခင်နှစ် ဒီဇင်ဘာလက တနိုင်ငံလုံး ဆိုင်ပေါင်း ၆၇၂ ဆိုင် မှတ်ပုံတင်ထားပြီး ယခုအခါ ရန်ကုန်မြို့တွင် အင်တာနက် ဆိုင်ပေါင်း ၅၀၀ ခန့် ရှိနေပြီဟု သိရှိရသည်။ ထို အင်တာနက် ဆိုင်များအား မြန်မာ အင်ဖို တက်ခ် မှ နှစ်စဉ် ကြေး လစဉ်ကြေးများ ကောက်ခံနေရာ ယခင်က နှစ်စဉ်ကြေး မြန်မာငွေ ၅သိန်း ( US $ 500 ) လစဉ်ကြေး ၅သောင်း ( US $ 50 ) ကောက်ခံနေရာမှ ယခင် နှစ် နိုဝင်ဘာလမှ အင်တာနက်ကြေး လျှော့ချခဲ့ရာ နှစ်စဉ်ကြေး၂သိန်း ( US $ 200 ) နှင့် လစဉ်ကြေး ၃သောင်း( US $ 30 )ခန့် ကောက်ခံနေသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here