အနီတမျိုး အဝါတမျိုးနဲ့ ပန်းရောင် များနှင့် ထိုင်းနိုင်ငံရေး အခြေအနေ

alt

ထိုင်းစစ်တပ် ကျောထောက်နောက်ခံ ပြုထားတယ် လို့ ပြောဆိုခံရတဲ့ လက်ရှိ ထိုင်းနိုင်ငံ​ အစိုးရ ခေါင်းဆောင် ဝန်ကြီးချုပ် အဘီဆစ် ကို ဆန့်ကျင်နေသူ

ရှပ်အကျင်္ီအနီဝတ်တွေဟာ တလ​ ကျော်ကြာ ဆန့်ကျင် ဆန္ဒပြပြီး လွှတ်တော် ပြန်ခေါ်ယူဖို့​ လူထု​ လှုပ်ရှားမှု သဏ္ဍာန် ကြိုးပမ်းနေရာ ဘန်ကောက် မြို့လယ်​ စီးပွားရေး အချက်အချာ ကျတဲ့နေရာ​ တွေကို နေရာယူ ပိတ်စို့ထားပြီး ဆန္ဒပြ နေကြသည်​ ကို သိရှိရသည်။

ထိုင်း အစိုးရကလည်း ရှပ်နီဝတ်တွေ ယခုထက် နေရာချဲ့ထွင် ဆန္ဒပြလျှင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ယနေ့​ ထိုင်းစစ်တပ် အကြီးအကဲ တဦးက ပြောကြားလိုက် အပြီး၊ ယနေ့ တနင်္လာနေ့ မနက်စောပိုင်းတွင် ထိုင်းစစ်တပ်က ဘန်ကောက်​ မြို့လယ် ဆီလုံ လမ်းမ တလျှောက်တွင် စစ်တပ်ကို နေရာယူ တပ်စွဲ ထားလိုက်သည်ဟု သိရှိရသည်။

ဘန်ကောက်တွင် ကုန်တိုက်ကြီးများ လေဆိပ်များ အားလုံး ရပ်တန့်နေပြီး ကမ္ဘာလှည့် ခရီးသွားများ ကလည်း အိုက်စလန် မီးတောင်ပြာ မှုတ်ထုတ်မှုကြောင့် လေယာဉ် ပျံသန်းမှုများ ရပ်ဆိုင်းသဖြင့် သောင်တင်လျှက် ရှိကြသည်။ ရှပ်ကျင်္ီ​ အနီဝတ်များ လူစုလူဝေးနှင့် စုပေါင်း မဆန္ဒပြနိုင်အောင် မြို့တော် ဘန်ကောက်တွင် လုံခြံုရေး၊ စစ်ဆေးရေးဂိတ်များ ချထား​ သည်ကိုလည်း တွေ့ရှိရသည်။ ရှပ်နီတွေရဲ့ နောက်ထပ် လူထု အင်အားပြမည့် နေ့သည် မနက်ဖန်​ အင်္ဂါနေ့ ဖြစ်သည်ဟု သိရှိ​ ရသည်။

ကာလ အတော်ကြာ ငြိမ်နေခဲ့ပြီး ယခု အဘီဆစ် အစိုးရအား ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထဲမှ အာဏာ​ ရအောင် တစိတ်တပိုင်း ပံ့ပိုးပေးခဲ့သော ရှပ်ကျင်္ီ​ အဝါဝတ်များဖက်မှလည်း ယနေ့ ကြေညာချက်တွင် ရှပ်နီတွေရဲ့ ဆန္ဒပြပွဲ​ များ ရ ရက်အတွင်း အဆုံးသတ် သွားအောင် အဘီဆစ် အစိုးရက မလုပ်နိုင်ရင် သူတို့ ရှပ်ဝါတွေက လက်ရှိဘုရင်နဲ့ လက်ရှိ​ အစိုးရကို ထောက်ခံပြီး သူတို့လည်း ဆန္ဒပြမှုတွေနဲ့​ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့ အစိုးရ လိုလားတဲ့ ရှပ်အကျီအဝါရောင်ဝတ် ခေါင်းဆောင်တွေက ပြောကြားလိုက်သည်။

ထို့အပြင် ထိုင်းနိုင်ငံရေး အခြေအနေ တည်ငြိမ် ပုံမှန်ဖြစ်အောင် တောင်းဆိုနေသော​ ထောင်နဲ့ချီသည့် ပန်းရောင် ဆန္ဒပြသူ အုပ်စုများကလည်း တနင်္ဂနွေနေ့က ဘန်ကောက်​ မြို့ရှိ Victory Monument (အနုဆာဝါရီ) အောင်ပွဲခံ ကျောက်တိုင်​ ရှေ့တွင် ဆန္ဒပြခဲ့ကြ သေးသည်ဟု ဘန်ကောက်မှ လာသော သတင်းများတွင်​ ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here