ကျန်းမာရေးနှင့် ဆီလျော်စွာ နေထိုင်ခြင်း ကင်ဆာဖြစ်နိုင်ချေ လျှော့ချနိုင်

alt

ကျန်းမာရေးနှင့် ဆီလျော်သော နေထိုင်မှု ပုံစံသည် ကင်ဆာ ရောဂါများ ဖြစ်နိုင်ချေကို ရာခိုင်နှုန်း အတော်များများ လျော့ချ

ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။

ကျန်းမာရေးနှင့် မသင့်လျော်သည့် နေထိုင်မ ှုပုံစံကို စွန့်လွှတ် လိုက်ပါက နှစ်စဥ် ကမ္ဘာ့လူဦးရေ ၈သိန်း ကျော်ကို ကင်ဆာ မဖြစ်အောင် တားဆီးနိုင်ကြောင်း သိပ္ပံပညာရှင် များက ဆိုသည်။ အထူးသဖြင့် သစ်သီး နှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးခြင်း၊ အရက် မသောက်ခြင်း၊ ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည့် ကျန်းမာရေးနှင့် လျော်ညီသည့် အလေ့အထများ ပြုလုပ်ခြင်းက လူတဦး၏ ကင်ဆာ ရောဂါ ဖြစ်နိုင်ခြေကို (၃၃) ရာခိုင်နှုန်း ဝန်းကျင်အထိ လျော့ကျစေမည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက်၊ ကမ္ဘာ့ကင်ဆာ ရံပုံငွေ အဖွဲ့မှ ပညာရှင် (၂၃)ဦးက ပြောကြားခဲ့သည်။

အမေရိကန်တွင် အဝ လွန်ပြီး ကျန်းမာရေးနှင့် မလျော်ညီသော အစားအသောက်များ စားသောက်မှု ပြဿနာကို ထိန်းသိမ်းရန် အခက်အခဲ ကြံုနေကြောင်း၊ ဗြိတိန်တွင် ထို အနေအထားမျိုး မရောက်လာ အောင် စံနစ်တကျ စီမံခန့်ခွဲ သင့်ကြောင်း သုတေသီ များကဆိုသည်။

ယမန်နှစ်က လေ့လာမှု စစ်တမ်း တစောင်ကလည်း ကောင်းမွန်သော နေထိုင်မှု ပုံစံက ကင်ဆာ ရောဂါကြီး (၁၂)ခု မဖြစ်နိုင်အောင် အထိုက်အလျောက် တားဆီး ပေးနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့့ပြီး ဖြစ်သည်။ ထို့အပြင် ဗြိတိန်ရှိ ကင်ဆာဖြစ်ပွားမှု အားလုံး၏ (၂၀) ရာခိုင်နှုန်းမျှသည် အရက် အလွန်အကျွံ သောက် ခြင်းနှင့် ဆက်နွယ် နေကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here