ဗရိုက်ဇုန် တယ်လီဖုန်း နိုင်ငံပေါင်း ၂၂၀ တိုက်ရိုက် ခေါ်ဆိုကာ နိုင်ငံ၂၀၀ စာတို ရိုက်ပို့နိုင်

alt

အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် ဗရိုက်ဇုန် ဝါယာလက်(စ်) တယ်လီဖုန်း ကုမ္ပဏီသည် မိမိ၏ လက်ကိုင် ဖုန်းမှ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း

၂၂၀ ကို ရောက်လေရာ အရပ်မှ တိုက်ရိုက် ဖုန်း ခေါ်ဆိုနိုင်ပြီး၊ text မက်ဆေ့ချ်ခေါ် စာတို ရိုက်ပို့သည့် စံနစ် အား နိုင်ငံပေါင်း ၂၀၀ အထိ တိုးမြှင့် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။

နောင်တွင် နိုင်ငံများ တို့ချဲ့ သွားဦးမည် ဖြစ်ပြီး လက်ကိုင်ဖုန်းမှ ဖုန်းခေါ်ခြင်း၊ စာရိုက်ပို့ခြင်း၊ အွန်လိုင်း အင်တာနက်၊ အီးမေးလ် အပြင် အသုံးဝင်သော ဒေတာ အချက်အလက် တို့ပါ တိုက်ရိုက် ပေးပို့နိုင်မည်ဟု ဆိုသည်။ ယခုအခါ ဗရိုက်ဇုန် လက်ကိုင်ဖုန်းအား မည်သည့် အရာမှ ပြုလုပ် ပြောင်းလဲစရာ မလိုပဲ ကိုင် ဆောင်ကာ နိုင်ငံပေါင်း ၄၀သို့ ခရီးထွက်ခွာ၍ အသုံးပြုနိုင်ပြီ ဖြစ်သည်။

ရောက်လေရာ အရပ်၌ အာရုံခံ ကရိယာမှ ပြောင်းလဲ ပေးသဖြင့် country codes ခံစရာမလိုပဲ အသုံးပြု နိုင်ပြီ ဖြစ်သည်ဟု ဗရိုက်ဇုန် ကုမ္ပဏီ အင်တာနက် စာမျက်နှာတွင် ရေးသား ဖေါ်ပြထားသည်။

ထိုသို့ ပင်လယ်ရပ်ခြား ခရီးဝေး ထွက်ခွာသည့် အတွက် Over Sea Call Charge ပြုလုပ်မည် မဟုတ်ဟု ဆိုသည်။ ဆက်သွယ်ရေး လုပ်ငန်းတွင် ဈေးကွက်ဝေစု ရရှိရေးအတွက် အပြိုင်အဆိုင် များလှသော အမေရိကန် နိုင်ငံတွင် ဗရိုက်ဇုန် ဝါယာလက်(စ်) ကုမ္ပဏီအား ၁၉၈၃ ခုနှစ်တွင် ဘဲလ် အတ္တလန္တိတ် ကုမ္ပဏီအဖြစ် ထူထောင်ခဲ့ပြီး သက္ကရာဇ်၂၀၀၀ ခုနှစ်တွင် ဗရိုက်ဇုန် ဖြစ်လာကာ ယခုအခါ ဝန်ထမ်းပေါင်း ၂သိန်း ၃သောင်ကျော် နှင့် လည်ပတ်နေသော ကုမ္ပဏီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here