၂နှစ်ကြာ ဆော့တ်လိတ် စီးတီးက ရနှစ်သမီး ကရင်မလေး သတ်ခံရမှု ကြားနာရန် ထပ်မံရွှေ့ဆိုင်း

alt

ယခင်အပါတ် သောကြာ နေ့က အမေရိကန် နိုင်ငံ ယူထပြည်နယ်၊ ဆော့တ်လိတ် စီးတီးတွင် ကြားနာ သော လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်

မတ်လ ၃၁ရက်နေ့က ဖြစ်ပွားခဲ့သော ရနှစ်အရွယ် ကရင် အမျိုးသမီးငယ် အား သတ်မှုအတွက် ကြားနာရန် မေလ ၂၁ရက် မတိုင်မီသို့ ရွှေ့ဆိုင်း လိုက်သည်ဟု သိရှိရသည်။

ထိုသို့ ရွှေ့ဆိုင်းရခြင်းမှာ သေဆုံးသူ ဆဲနဲယ်မူး၏ မိခင် ပါးလ်လီဝါး မှာ ယခင်လ က ယခု ကြားနာမှု အား လာရောက် နားထောင်မည်ဟု ဆိုကာ မလာ ရောက်နိုင်၍ ဖြစ်သည်ဟု ဆိုသည်။ အခင်းဖြစ်ပွား ပုံမှာ လူသားချင်း စာနာမှု အစီစဥ်အရ မြန်မာနိုင်ငံ နယ်စပ်ဒေသ များမှ အမေရိကားသို့ လာရောက် အခြေချ နေထိုင်သူများ နေထိုင်သော 2250 S. 500 East.South Parc Town homes ဆော့တ်လိတ် စီးတီးတွင် ၂၀၀၈ ခုနှစ်က ဆဲနဲယ်မူးနှင့် နယ်စပ်စခန်းတွင်း အတူနေထိုင်ခဲ့သူ အာမက် (အသက်-၂၃နှစ်) ၏ အခန်းတွင် ဆဲနဲယ်မူး (အသက်-၇နှစ်) လာရောက် ကစားစဥ် နဲယ်မူးမှ သူ့အား မစရန် အာမက်က သတိပေး သော်လည်း စမြဲ စနေသည့် ဆဲနဲယ်မူးအား ခြေထောက်မှ ဆွဲရမ်းလိုက်ရာမှ ကြမ်းပြင်နှင့် ဆောင့်၍ မတော်တဆ သေဆုံးသွားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွား အပြီး အာမက်မှာ ဆဲနဲယ်မူး အလောင်းအား ကြောက်အား လန့်အားဖြင့် မြေအောက်ခန်းတွင် ဖွက်ထား ရာမှ အမှုမှာ ပိုမိုကြီးမား သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။ မှုခင်း စစ်ဆေးချက် အရ အလောင်းတွင် ဦးခေါင်း၊ လည်ပင်း နှင့် ကိုယ်ခန္ဓာ၌ပါ ဒဏ်ရာ ဒဏ်ချက်များ တွေ့ရှိရပြီး မှုခင်းဆရာဝန် အဆိုအရ လိင်မှုဆိုင်ရာ စော်ကားမှုကို တွေ့ရှိရသည် ဟု ဆော့တ်လိပ်စီးတီး ထရီဗြွန်း သတင်းစာတွင် ဖေါ်ပြထားသည်။ အာမက်၏ ရှေ့နေ မိုက်ကယ်ပီတာဆန် အဆိုအရ အာမက်မှာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှု ဝေဒနာ ခံစားနေရသူ ဖြစ်၍ ယခုမှုခင်း ပိုမိုကြာရှည် သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။

၂နှစ်ကြာ မှုခင်းပြီးဆုံးရန် အတွက် အာမက်ဖက်မှ ခုခံ ကာကွယ်သော အဖွဲ့အတွက် မြန်မာဘာသာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော စိတ်ပညာ ဆရာဝန် လိုအပ်ချက် ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထပ်မံ၍ အဓိက လိုအပ်ချက် ဖြစ်သော မွေးစာရင်းအား အာမက်၏ မိခင် ရဟီမာ ပါးစပ်ဖြင့် ပြောဆိုသည့် အသက် ၂၃-နှစ်ကိုသာ သိရှိရခြင်း ကြောင့်ဟု ဆိုသည်။ ကြန့်ကြာနေသော အမှုကြောင့် လွန်ခဲ့သော နှစ်က ဆဲနဲယ်မူးတို့ မိသားစုမှာ ဖခင်ဖြစ်သူ ကာတွန်းဝါး အလုပ်ရှိရာ အိုင်အိုဝါ ပြည်နယ် မာရှယ်တောင်း သို့ ပြောင်းရွှေ့ သွားသောကြောင့် ယနေ့ အမှုအား ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ခရိုင်၃ တရားသူကြီး ဂျူးဒစ်အာသာတွန် မှ ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here