လက်မြန်သော အက်ရှင် မင်းသားကြီး လက်ဆော့မှုဖြင့် တရားစွဲ ခံရ

alt

ကမ္ဘာ့ ရုပ်ရှင်ကြည့် ပရိတ်သတ်ကို အာကီဒို တန်ပြန် တိုက်ခိုက်မှု ပညာ ဖြင့် လက်မြန်စွာ တိုက်ခိုက် ဖမ်းစား နိုင်ခဲ့သူ မင်းသားကြီး စတီဗင် ဆီးဂေါလ် သည်

ယခင်သူ၏ ကိုယ်ရေးလက်ထောက် အရာရှိအား လက်သရမ်းခဲ့သဖြင့် တရားစွဲဆို ခံနေရကြောင်း ဟောလီးဝုဒ် မှ လာသော သတင်းများတွင် ဖေါ်ပြ ထားသည်။

ဟောလီးဝုဒ် အခြေစိုက် ရေဒါအွန်လိုင်း မဂ္ဂဇင်း အဆိုအရ မင်းသားကြီး၏ ကိုယ်ရေးအရာရှိ ဟောင်း ဖြစ်သူ ကေဒင်ငုယင် ( အသက်-၂၃နှစ် ) မှ လိင်မှုဆိုင်ရာ နှောက်ယှက် ကျူးလွန်ခံရခြင်း၊ မတရား လွဲမှားစွာ အလုပ်ရပ်နား ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် တောင်းဆို ခံရခြင်း စသော ပြစ်ချက်များဖြင့် အမေရိကန် ဒေါ်လာ ၁သန်း ရလိုမှုဖြင့် လော့(စ်)အိန်ဂျလိ(စ်) ဗဟိုတရား ရုံးတော်သို့ ဦးတိုက်လျှောက် ထားသော မှုခင်း ဖြစ်သည်။

ကေဒင် က ဖွင့်ဟ ပြောဆိုရာတွင် သူမအား စတီဗင်သည် လက်ထောက် ကိုယ်ရေးအရာရှိ အဖြစ် ဋ္ဌားရမ်း ပြီး လွန်ခဲ့သော ဖေဖေါ်ဝါရီလက နယူးအော်လိန်း သို့ ခေါ်ဆောင် သွားချိန်တွင် ခန္ဓာကိုယ်အား ခြိမ်းခြောက် ကိုင်တွယ်ခဲ့ပြီး၊ သူ၏ လိင် အရုပ်သဖွယ် ဆက်ဆံပြုမူ ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ သိသာ ထင်ရှားသော အထောက်အထား အဖြစ် ဝန်ထမ်းသဖွယ် ခေါ်ဆောင်ခဲ့သော ရုရှား အမျိုးသမီးငယ် ၂ဦးအား လိင်အခြွေအရံ အသင်းပင်းဟု သဘောထားပြီး သူ ၏ အချိန်အခါ မလပ် လိင် ကျေးကျွန်များဟု ခေါ်ဆိုဖူးကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။

ငုယင် က ပွင့်လင်းစွာ ဆက်လက် ပြောဆိုရာတွင် သူဤကဲ့သို့ ဖင်ပုတ် ခေါင်းပုတ် နှင့် လိင် ဆက်ဆံခြင်းကို စတီဗင် ၏ ဇနီးသည်က မည်သို့မျှ သဘောထားမည် မဟုတ်ဟု စတီဗင်က သူ့အား ပြောဆိုဖူးကြောင်း ထောက်ပြညွှန်းဆို လိုက်သည်။ စတီဗင် ဆီးဂေါလ်၏ ရှေ့နေ မာတီဆင်ဂါ က အလုပ်ရှင်မှ အလုပ်သမားကို အလုပ်ထုတ်ပစ်၍ စွဲဆိုသော သဘာဝ မကျသည့် ရယ်ရွှင်ဖွယ် အမှုအခင်းသာ ဖြစ်ကြောင်း ယနေ့ တုန့်ပြန် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here