ရှပ်နီဝတ်နှင့် ထိုင်းအစိုးရ တိုက်ပွဲ မပြီးဆုံးသေး စတော့ဈေး ထိုးကျ

alt

ထိုင်းနိုင်ငံတွင် လက်ရှိ အစိုးရအား ဆန္ဒပြသူ နေသူများသည် စနေနေ့က စစ်တပ်နှင့် တဖက်နှင့် တဖက် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား ပြီးနောက်

ဝန်ကြီးချုပ် အဘီဆစ် ဝေ့ချာချီ နှုတ်ထွက်ပြီး ပါလီမန် ဖျက်သိမ်းပြီး လွှတ်တော်ပြန် ခေါ်ပေးဖို့ ဆက်လက် တောင်းဆို နေသည်ကို သိရှိရသည်။

ထိုင်း ဝန်ကြီးချုပ်သည် နှုတ်ထွက်မှာ မဟုတ်ဘူးဟု တသွင်သွင် ပြောကြားနေပြီး ပစ်ခတ်မှု အတွင်း ရှပ်နီဝတ် ဆန္ဒပြသူများ အပါဝင် ဂျပန်လူမျိုး ရိုက်တာ သတင်းထောက်နှင့် စစ်သားများ ထိခိုက်သေကျေ ဒဏ်ရာ ရရှိကြသည််။ တနင်္ဂနွေ နေ့တွင် သေဆုံးသူ များအား ရည်ရွယ် ကိုယ်စားပြုသည့် ခေါင်းတလားများ ထိုင်း အလံပတ်ကာ ဘန်ကောက်မြို့တွင်း လှည့်လည်ကြပြီး၊ အခင်း ဖြစ်ပွားတဲ့ ယမန်နေ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ကြားမှာ ဗိုလ်မှူးကြီးတဦး အပါအဝင် တပ်သား စုစုပေါင်း ၄ဦး သေဆုံးပြီး ရှပ်နီ ဝတ် ဆန္ဒပြသူ ၁၇ယောက် သေဆုံးသည်ဟု သိရှိရသည်။

မနေ့ ညနေက ထိုင်းစစ်တပ်က သတင်းထောက်တွေကို စစ်ဆေးရုံကို ဝင်ရောက် ကြည့်ရှုခွင့်ပြုရာ သူတို့ ပစ်ခွင်းတဲ့ မျက်ရည် ယိုဗုံး ဒဏ်ပြန်ခံရ တပ်သား ၂၀၀ ဆေးရုံ တက်နေရပြီး၊ သေနတ် ဒဏ်ရာရသူ စစ်သားဦးရေ ၁၉ဦး ရှိပြီ်းဟု ဆိုကာ ရဲ တပ်သား ၃ဦး ပါဝင်သည်ဟု သိရှိရသည်။

အခုအခါ စစ်တပ် အကြီးအကဲ အနုပွန် ပေါင်ချင်ဒါက ယနေ့တွင် လွှတ်တော် ဖျက်သိမ်းပေးဖို့ တောင်းဆိုလိုက်ပြီး၊ လက်ရှိ အခြေအနေကို ထိုင်းအစိုးရ တိုင်းပြည်အား မည်ကဲ့သို့ ကိုင်တွယ်မည် မသိနိုင်သေး သကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စတော့ ဈေးကွက်တွင် ထိုင်းငွေကြေး ဘတ် ၃.၆ ရာခိုင်နှုန်း ထိုးကျသွားကာ အမေရိကန် နိုင်ငံက အမေရိကန် နိုင်ငံသား များအား ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် လူစည်ကားရာ အရပ်များသို့ မသွားရောက်ကြရန် သတိပေးတားမြစ် လိုက် သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here