အဲလိဇဘက် တေလာ နဝမ အကြိမ်မြောက် အိမ်ထောင်ပြု

alt

ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီးကြီး အဲလိဇ် ဘက် တေလာသည် သူမ၏ နဝမမြောက် အိမ်ထောင်ကို တရားဝင် ထူထောင်လိုက်ပြီဟု သိရှိ ရသည်။

ဟောလီးဝုဒ်မှ လာသော သတင်းများက အသက် (၇၈)နှစ်ရှိ အဲလိဇ်ဘက် သည် သူမထက် အသက် (၃၀)နီးပါး ငယ်ရွယ်သည့် အသက် (၄၉)နှစ် အရွယ် ဂျေဆန်ဝင်းတား နှင့် လက်ထပ် လိုက်ကြောင်း ယခု ရက်သတ္တပါတ်ကုန် သတင်းများ အရ သိရှိရသည်။ ၎င်း မင်းသမီးကြီး၏ ခင်ပွန်းသည် Pop အဆိုတော် ဂျဲန်နက်ဂျက်ဆင် က မကြာသေးမီ ကမှ မန်နေဂျာ အဖြစ် ခန့်အပ် ခြင်း ခံထားရသူလည်း ဖြစ်သည်။ US မဂ္ဂဇင်း၏ အဆိုအရ အဲလ်ဇ်ဘက် ၏ အရင်းနှီးဆုံး မိတ်ဆွေ များကလည်း မင်းသမီးကြီး၏ အချစ် ဇာတ်လမ်း သစ်ကို အတည်ပြု ပေးခဲ့ကြကြောင်း သိရှိရသည်။

ထိုသတင်းနှင့် ပတ်သက်ပြီး အဲလိဇ်ဘက်ရော၊ ဂျေဆန်ပါ တစုံတရာ မှတ်ချက် မပေးသေးချေ။ သူမတို့ နှစ်ဦးသည် (၂၀၀၇) ခုနှစ် ကတည်းက ဇာတ်လမ်း ရှိခဲ့ကြောင်း ဗြိတိန် သတင်းစာ The Sun က ဖော်ပြခဲ့သည်။ အဲလိဇ်ဘက် သည် သူမ၏ နောက်ဆုံး အိမ်ထောင်နှင့် (၅)နှစ်ကြာ ပေါင်းသင်း ပြီးနောက် (၁၉၉၆) ခုနှစ်က ကွာရှင်းခဲ့သည်။ မင်းသမီးကြီးသည် နှလုံးနှင့် ကျောရိုး အာရုံ ကြောမကြီးတွင် ရောဂါအချို့ ရှိနေသဖြင့် ကျန်းမာရေး ယိုယွင်းနေသူ ဖြစ်ပြီး ယခုအခါ ဘီးတပ် ကုလားထိုင်ဖြင့် သွားလာ နေရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here