ဆယ်ကျော်သက်များ ၁ရက် တနာရီ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းက အဝ လွန်မှုကို လျော့ကျစေနိုင်

alt

ဆယ်ကျော်သက် အရွယ်တွင် ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းသည် အဝ လွန်မှုကို ဖြစ်ပေါ် စေမည့် ဗီဇ ဆဲလ်များ လျော့ကျ သွားစေ ကြောင်း သုတေသီများက ပြောကြား ခဲ့သည်။

ဥရောပတွင် လေ့လာမှုများ အရ အဝ လွန်မှုကို ဖြစ်ပွားစေသည့် Fasto ခေါ် ဗီဇ ဆဲလ်များအား နေ့စဥ်ပုံမှန် အနည်းဆုံး လေ့ကျင့်ခန်း (၁)နာရီမျှ ပြုလုပ်ခြင်းဖြင့် တိုက်ဖျက်နိုင်ကြောင်း ဆွီဒင်နိုင်ငံ ကာရိုလင်ဆကာ ဆေးသိပ္ပံမှ ဦးဆောင် သုတေသန ပညာရှင် ဂျိုနတန်ရုဒ် က ရှင်းပြခဲ့သည်။ တက်ကြွ လှုပ်ရှားနေပြီး လေ့ကျင့်ခန်း ဖြစ်စေ၊ အားကစား ဖြစ်စေ ဆယ်ကျော်သက် အရွယ် ကတည်းက ပုံမှန် လုပ်ဆောင်နေခြင်းသည် အသက်အရွယ် ကြီးရင့် လာသည့်တိုင် အဝ လွန်မှုကို ဖြစ်ပေါ်စေရန် ခဲယဥ်းကြောင်း ရုဒ် ကဆိုသည်။

အမေရိကန် သုတေသီများ၏ ပူးပေါင်း ပါဝင်မှုဖြင့် ပြုလုပ်သော သုတေသန ရလဒ်အရ ငယ်စဥ်တွင် ပြေးလွှားခြင်း၊ ကြိုးခုန်ခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်းစသည့် ကိုယ်လက် လှုပ်ရှားမှုများနှင့် ပုံမှန်ထိတွေ့ ကျွမ်းဝင် နေခဲ့သူများသည် ငယ်စဥ်က အားကစားနှင့် ကင်းကွာနေသူ များထက် အသက်ကြီး လာချိန်တွင် အဝ လွန်မှု ဖြစ်နိုင်ခြေ လျော့နည်းကြောင်း သိရသည်။

သုတေသီ များက နေထိုင်မှုပုံစံနှင် Fasto ဗီဇဆဲလ် တိုးပွားလာမှုတို့ ဆက်စပ်ခြင်းကို လေ့လာပြီးနောက် ငယ်စဥ်က အားကစား လှုပ်ရှားမှု ခေါင်းပါးခဲ့သူ များသည် ပုံမှန် လိုက်စားခဲ့သူ များထက် ပျမ်းမျှ (၇)ပေါင် အထိ ကိုယ်အလေးချိန် ပိုများနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ယခု စစ်တမ်းကို ဂရိ၊ ဂျာမနီ၊ ဘယ်ဂျီယမ်၊ ပြင်သစ်၊ ဟန်ဂေရီ၊ အီတလီ၊ ဆွီဒင်၊ ဩစတြီးယား နှင့် စပိန် တို့မှ လူငယ်များ၏ နေထိုင်မှု ပုံစံများကို လေ့လာပြီးနောက် အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here