“မူ” အလွဲနှင့် အိတ်ဇိုင်းကရေစီ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ခုခေတ်ကြီးမှာ မီဒီယာဆိုတာ တော်တော်ကိုု အရေးပါတယ်ဆိုုတာ ဘယ်သူမှ ငြင်းလိုု့ မရတဲ့ အချက်ပါ။ အထူးသဖြင့်တော့ စစ်ဖိနပ် အောက်က အမှောင် လောကထဲမှာ ရောက်နေတဲ့ ကျနော်တို့ နိုင်ငံသားတွေအတွက်တော့ မီဒီယာဆိုတာက ကောက်ရိုုးတမျှင် ပါပဲ။ လောကကြီးရဲ့ ဓမ္မတာဖြစ်တဲ့ နေရာတိုင်းမှာ

အမြဲတမ်း အကောင်းနဲ့အဆိုုး ဒွန်တွဲနေတဲ့ ထုံုးစံအတိုုင်း ကျနော်တိုု့ မီဒီယာ လောကမှာလဲ အကောင်းတွေ၊ အဆိုုးတွေ ရှိကြတာပေါ့ ဗျာ။

ပြည်ပ မီဒီယာတွေအနေနဲ့ ကြည့်မယ်ဆုုိရင် ကောင်းကွက်တွေ ကတော့ဗျာ…. ပြည်တွင်းက ရေးလိုု့မရတဲ့၊ ပြည်တွင်းမှာ ဖြစ်ပျက် နေတာတွေကိုု ဒီဘက်က မီဒီယာတွေကနေ အချိန်နဲ့ တပြေးညီ ရေးလို့၊ တင်လို့ ရနေတယ်။ အမှန်တရားတွေကိုု အမှန်အတိုုင်း ရေးလို့ ရနေတယ်။ ဒါတွေက ကျနော်တို့ နိုုင်ငံကြီးကိုု ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ အရေးပါတဲ့ နေရာကနေ ခရီးဆက်နေတာ ဖြစ်ပါတယ်။

ဒီလို အမှန်တရားတွေကြောင့် အကောင်းဆုံး အခြေအနေကိုု မဟုုတ်ရင်တောင်မှ အတိုင်းအတာတခုအထိကို ပြုပြင် ပေးနိုုင်စွမ်း ရှိခဲ့ဖူးပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် ခုလက်ရှိ အခြေအနေတွေမှာ မြန်မာပြည်က ကလေး စစ်သား တချို့ဟာ ပြည်ပ မီဒီယာတွေရဲ့ တစိတ်တပိုင်း ပါဝင် ပတ်သက်ခဲ့မှုကြောင့် မိဘတွေဆီကို ပြန်ရောက်ခဲ့တာမျိုး တွေလဲ ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ ၀င်ခွင့်နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ဖော်ပြခွင့် မရတာ တွေကိုု တစိုုက်မက်မက် ဖော်ပြလာခဲ့သလိုု အန်အယ်လ်ဒီ အတွက် အထောက်အပံ့ ဖြစ််လာစေနုုိင်မယ့် သတင်း အချက်အလက် တွေကိုုလည်း ဖော်ပြ ပေးနိုင်ခဲ့တယ်။

ပြီးတော့လဲ ပြည်ပ မီဒီယာအဖွဲ့အစည်းတွေမှာ လူငယ်သွေးသစ်နဲ့ အားဖြည့်ထားတာကိုု တွေ့နေရပါတယ်။ လူငယ်တွေ ဆိုုတာကလည်း အမြဲတမ်းကိုု လမ်းသစ်တွေ၊ နည်းသစ် တွေ ရှာဖွေနေကြတဲ့ သတ္တဝါလေးတွေပါ။ သူတိုု့ မှန်တယ် ထင်ရင်တော့ ဘယ်လိုလူကိုုပဲ ဖြစ်ဖြစ် အတိုုက်အခံလုပ်ကြတဲ့ ညာဉ်လေးတွေလဲ ရှိပါတယ်။ ကျနော့်အမြင် ပြောရရင် မီဒီယာ လောကက လူငယ်တွေဆိုတာ မဟုုတ်မခံသမားတွေ များတယ်ဗျ။ မဟုုတ်မခံ စိတ်ဓါတ်ရှိလိုု့ပဲ အမှန်တရားကိုု ထုတ်ဖော်၊ ဟစ်အော်နေတဲ့ အလုပ် လုပ်နေကြတာ ပေါ့ဗျာ။

တချို့သောနေရာတွေမှာတော့ လူငယ်တွေရဲ့ စွမ်းဆောင်မှု၊ အားစိုုက်မှုတွေဟာ တော်တော်ကိုု အရေးပါတဲ့ နေရာတခုကို ရောက်သွားအောင် ပိုု့ဆောင် ပေးနိုင််ခဲ့ပါတယ်။ ဥပမာပြောရရင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုုန်းက ဗွီဒီယို မှတ်တမ်းတွေကိုု လူငယ်တွေ အများစု ကနေပဲ ရယူ ပေးနိုင်ခဲ့ပါတယ်။

ပြည်ပ လှုပ်ရှားမှုအနေနဲ့ ပြောရမယ်ဆိုုရင်တော့ ဆားဘီးယားနိုုင်ငံက စစ်အာဏာရှင်ကိုု ဖြုတ်ချတဲ့ နေရာမှာ ကျောင်းသား လူငယ်တွေကပဲ အဓိက ဦးဆောင်ခဲ့ပါတယ်။ ဒီလှုပ်ရှား မှုတွေမှာ လူငယ်တွေရဲ့ စွမ်းဆောင်မှုကိုု ကမ္ဘာလုံုးက တောင်မှ အသိမှတ် ပြုခဲ့ရပါတယ်။

ဒီနေရာတွေမှာ လူငယ်တွေက လက်ဇောင်း ထက်နေပေမယ့်လည်းပဲ မိမိတိုု့ အဖွဲ့အစည်းက လူကြီးတွေရဲ့ သူတိုု့ရဲ့ ဂုုဏ် သိက္ခာတွေ၊ ကိုုယ်ရေး ကုုိယ်တာကိစ္စတွေ၊ အရင်က ရခဲ့ဖူးတဲ့ ကျော်ဇောမှုတွေ၊ အာဏာတွေ အပေါ်မှာ ဆက်ပြီးတော့ ယစ်မူး နေတာမျိုးတွေ၊ လူငယ်တွေကိုု လမ်းဖယ် မပေးချင်တာ မျိုးတွေကြောင့် လက်အောက်ငယ်သား လူငယ်တွေပေါ်မှာ မလိုုလားအပ်ဘဲနဲ့တော်တော် ဆိုးဆိုးဝါးဝါးကြီးကို ထိခိုက် နေကြရပါတယ်။

ကျနော့် သူငယ်ချင်း တယောက်ဆိုရင် သူ့ရဲ့ အဖွဲ့အစည်းက လူကြီးတယောက်က စစ်တပ်မှာ အရင်တုန်းက တာဝန် ထမ်းဆောင် ခဲ့ဖူးတယ်။ တချိန်တုန်း ကတော့ သူလဲ ဘာဆိုလားပဲ ပေါ့။ သူက မီဒီယာ လောကထဲမှာပါ အရင်က စစ်တပ် ထဲမှာ သူနေခဲ့တုုန်းက ပုံုစံအတိုုင်း မီဒီယာ လောကမှာ လာပြီး ကျင့်သုံးနေတော့ လက်အောက်က လူငယ်တွေလဲ သူ့ကိုုချဉ် ကြတာပေါ့။

ရှိသေးတယ်ဗျ၊ ပြည်ပ မီဒီယာအဖွဲ့ အစည်းတခုုပါပဲ။ နာမည်ကိုုတော့ ထုုတ်မပြောတော့ပါဘူး။ အဲဒီ အဖွဲ့အစည်း ကတော့ တမျိုး ထူးဆန်းတယ်ဗျ။ ဘာလဲဆိုုတော့ အဲဒီ အဖွဲ့အစည်းက မူတွေ၊ စည်းကမ်းတွေကိုု စာရွက်ပေါ်မှာ ချရေး ထားပေမယ့်လည်း အဲဒီ မူတွေက သူတိုု့နဲ့ သက်ဆိုုင်မယ့် ဝန်ထမ်းတွေ ဆီရောက်သွားရင် အသက်ဝင် သွားတယ်ဗျ။ ဝန်ထမ်းတွေရဲ့ မျက်နှာ၊ ပုံုပန်းသဏ္ဍာန်ကိုု ကြည့်ပြီးတော့ မူတွေက အဲဒီမှာ ပြောင်းကုန်ရော။ ပြောင်းပြီ ဆိုုတာနဲ့ သူတိုု့နဲ့ ပုံုပမ်းသဏ္ဍာန် မတူတဲ့ သတ္တဝါလေးတွေ ကတော့ ဒုုက္ခတွေ ခံကြ ရကုုန်ရော။

အဲလိုု လူကြီးတွေကြောင့် လူငယ်တွေရဲ့ ယုံုကြည်မှု စိတ်ဓါတ်တွေကိုု ထိပါးစေတာမျိုး ဖြစ်နေတာတွေလဲ မြင်နေ ကြရပါတယ်။ နောက်တခုု ပြောချင်တာက လူငယ်တွေရဲ့ ကြိုးစားတဲ့ စိတ်ဓါတ်ကိုု အသိမှတ်မပြုတဲ့ အနေအထား မျိုးတွေပါ။ ကျနော်တိုု့ community ထဲမှာ ဖြစ်ပျက်နေတာ ကတော့ တခုခုလုပ်လို့ အဆင်ပြေ အောင်မြင် သွားတယ်ဆိုုရင် မစို့မပို့ ချီးကျူး စကားလေးတွေ လာမယ်။ အဲလိုုမဟုုတ်ဘဲနဲ့ လွဲသွားပြီ ဆိုုရင်တော့ စကားလုံုး အကြီးကြီး တွေနဲ့ရော၊ သေးသေး တွေနဲ့ရော၊ အဲဒါတွေနဲ့ ဆူဆဲခံရဖို့သာ ပြင်ပေတော့။

နောက်တခု ကတော့ တခုခုကို အကြောင်းပြပြီး လူငယ်တွေရဲ့ အားစိုက်မှုကိုု အလွဲသုံးးစား လုုပ်တယ်လိုု့ပဲ နာမည်တပ်ရမယ် ထင်တယ်။ အလုပ် လုပ်တယ်ဆိုရင်လည်း လုပ်လိုက် ရတာပဲ ရှိတယ်။ ပြန်ပြီးမှ အသိအမှတ် ပြုခံရတာမျိုး မရှိသလောက် ရှားပါး နေပါတယ်။

ကျနော် ကိုုယ်တိုုင်ကလဲ ကျနော့်ရဲ့ အားစိုုက်မှုတွေကိုု အသိမှတ်မပြုတဲ့ ကိစ္စမျိုးတွေ ကြံုခဲ့ရဖူး ပါတယ်။ ကျနော့် အသိုုင်းအဝိုုင်း တွေထဲမှာလဲ အဲဒီလိုု အဖြစ်အပျက်တွေကိုု ကြံုခဲ့ရတဲ့၊ ကြံုနေရဆဲ လူတွေအများကြီး ရှိနေပါတယ်။

အဲဒီလိုု ဖြစ်တော့ ဘယ်နေရာမှာ သွားပြီး ထိခိုုက်သလဲဆိုုရင် သူတိုု့တွေရဲ့ ကြိုးစားချင် စိတ်တွေ၊ သူတိုု့ရဲ့ တီထွင် ဖန်တီးမှုတွေမှာ ထိခိုုက်တာမျိုးတွေ ဖြစ်နေပါတယ်။ အလုုပ်ကိုုလဲ တာဝန်ကျေရင်ပြီးရောဆိုုတဲ့ စိတ်ဓါတ်တွေ ဝင်လာ ပါတယ်။ ကျနော့် သူငယ်ချင်း တယောက်ဆိုုရင် သူ့အလုုပ်ထဲမှာ ဘာမှမလုုပ်တော့ဘူး၊ ရေလိုုက် ငါးလိုုက်ပဲ နေတော့မယ်၊ ခေါင်းစား မခံတော့ဘူးလိုု့ ပြောလာတဲ့ သူတောင် ရှိပါတယ်။

နောက်တခုက ကိုယ့်ကိုယ်ကို အမြဲတမ်း ဆန်းစစ်နေတဲ့ လူတွေအပေါ်ကို ဆိုးဆိုးဝါးဝါး ကြီးကို ထိခိုက်စေပါတယ်။ ကုုိယ် ကိုုယ်တိုုင်ကပဲ အသုံးမကျ လို့လားဆိုတဲ့ အတွေးတွေ ပေါ်လာပါတယ်။ ကုုိယ့်ရဲ့ ရည်မှန်းချက်တွေလဲ လမ်းကြောင်း ပေါ်ကနေ ဖယ်ခွာ သွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

မြန်မာပြည်တွင်း မှာက စစ်အစိုုးရကြောင့်မိုု့ စိတ်ဓါတ်တွေလဲ ယိုုင်နဲ့ခဲ့ရပြီ။ ပြည်ပကို ရောက်လာတော့လည်း စိတ်ဓါတ် တွေကိုု စနစ်တကျနဲ့ ဖျက်ဆီး ခံနေကြရပါတယ်။ ကျားကြောက်လိုု့ ရှင်ကြီးကိုး ရှင်ကြီးက မဟုတ်တာတွေ လုပ်နေသလို ဖြစ်နေပါတယ်။

အဖွဲ့အစည်း တွေမှာရှိတဲ့ လူကြီးတွေကလည်း သူတို့ နေရာနဲ့ သူတို့ပေါ့လေ။ ဒီနေရာမှာ တခုု ကြံုနေကြရတာက လူကြီးတွေဟာ လူငယ်တွေကိုု နေရာ မပေးချင်တာမျိုး၊ လမ်းဖယ် ပေးရမှာ တခုုခုုကုုိ စိုုးရိမ်နေသလိုုမျိုး ထပ်တွေ့ နေရတယ် ဗျ။ တကယ်တမ်းဆိုုရင် ပြည်ပ အတိုုက်အခံ မီဒီယာဆိုုတာ ဒီမိုကရေစီကိုု အခြေခံပြီး ဖြစ်လာတဲ့အတွက် ဒါမျိုးတွေကိုု ပိုုပြီးတော့ ဂရုုတစိုုက် နားလည်သင့်တယ် ထင်ပါတယ်။ ဒါကလည်း ခုမှ မြင်ဖူးတာတော့ မဟုုတ်ဘူးပေါ့လေ။ မြန်မာ ပြည်တွင်းမှာလဲ ဒီလိုုမျိုးကိစ္စတွေ ပြဿနာတွေ ကြံုနေကြ ရတာပဲ။ ဒါကိုု လူကြီးတွေ ဘက်ကနေ ပြန်ကြည့်မယ် ဆိုုရင်လဲ သူတိုု့ အတွက်အချက်နဲ့ သူတို့တွေတော့ ကိုုက်ချင် ကိုုက်နေမှာပေါ့။

ဒီလိုု လွတ်လပ်မှု အတွက်၊ အမှန်တရား အတွက် တိုုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေပီပီ မိမိ တိုု့ ဆက်ဆံနေရတဲ့ လူတိုုင်း၊ အဖွဲ့စည်းတိုုင်းကိုု မှန်မှန်ကန်ကန်နဲ့ မျှမျှတတ (မိမိတို့ရဲ့ ကိုယ်ရေး ကိုယ်တာတွေနဲ့ မစွက်ဖက်ဘဲ) ဆက်ဆံ သင့်တယ်လိုု့ မြင်မိပါတယ်။ ကျနော့်ရဲ့ အမြင်လေးတွေကိုု ဖတ်မိပြီးမှ ဘာတွေကိုု ပြင်သင့်တယ် ဆိုုတာကိုု ကျနော် ပြောပြတာထက် ကိုုယ့်ကိုုယ်ကိုု ပြန်ပြီးဆန်းစစ်၊ ပြုပြင်တာက ပိုပြီးမှ တန်ဘိုးရှိမယ်၊ ပိုပြီး အရာရောက် မယ်လို့ ကျနော် ထင်ပါတယ်။

မိုုးအေး

LEAVE A REPLY

Please enter your comment!
Please enter your name here