အသက်ပြင်း လှသည့် အိန္ဒိယ အမျိုးသမီး

alt

ဦးနှောက်၊ နှလုံးနှင့် လက်တဖက် တို့ကို ကျည်ဆံ ထိမှန်ထားသော်လည်း အမျိုးသမီး တဦးသည် အံ့အား သင့်ဖွယ် အသက်ရှင်ခဲ့ပြီး

ဒဏ်ရာများ သက်သာ လာသည့်အတွက် ဆရာဝန် များ အံ့အားသင့်စရာ ဖြစ်နေခဲ့ရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ အနုပညာ ဘွဲ့ရ ကျောင်းသူ အသက် (၂၄)နှစ် အရွယ်ရှိ အမျိုးသမီး၏ အမည်ကို ဟီနာဟုသာ သတင်းများ တွင် ဖော်ပြထားပြီး သူမသည် ချစ်သူ၏ လက်ထပ် ခွင့် တောင်းဆိုမှုကို ငြင်းပယ်သည့် အတွက် သေနတ်ဖြင့် (၃)ချက်တိတိ အပစ်ခံရခြင်း ဖြစ်သည်။

ကျည်ဆံ တတောင့်သည် သူမ၏ ဘယ်ဖက်နားမှ ဖောက်ထွင်းကာ နားတွင်းအရိုးများကို ချိုးဖျက်ပြီး ဦးနှောက်အတွင်း နစ်မြုပ်နေခဲ့သည်။ ကျန် ကျည်ဆံနှစ်တောင့်မှာ လက်မောင်းနှင့် နှလုံးအတွင်း ဝင်နေ ခဲ့ကြောင့် လော့နာယက် ဆေးရုံမှ ဆရာဝန် များက ပြောကြားခဲ့ကြသည်။ မတ်လ (၃၁)ရက် နေ့က ဆေးရုံ သို့ အရေးပေါ် အခြေအနေနှင့် ရောက်ရှိလာသည့် ဟီနာမှာ ကံကောင်းလွန်း သဖြင့် အသက်ရှင်ခဲ့ခြင်းဟု ဆေးရုံမှ ဒေါက်တာ အစ်ဘနာဂျီက ဝန်ခံ ပြောကြားခဲ့သည်။

ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဌာန ခွဲစိတ်ပါရဂူ ဒေါက်တာ ပန်ဒီက ဦးနှောက်အတွင်း မြုပ်နေသည့် ကျည်ဆံသည် ကံကောင်း ထောက်မစွာဖြင့် ဦးနှောက်ကို ဖျက်စီးခဲ့ခြင်း မရှိ သောကြောင့် သူမ၏ အသက်ကို ကယ်တင်ခွင့် ရခဲ့ကြောင်း ရှင်းပြသွားသည်။ မျက်နှာတခုလုံး သွေးများ ဒလဟော စီးကျနေပြီး အလွန်ဆိုးရွားသော အခြေအနေတွင် ပြုလုပ်ခဲ့ ရသည့် ခွဲစိတ်မှုမှာ ခက်ခဲသော်လည်း ဆရာဝန်များ အနေနှင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့် အတွက် ဂုဏ်ယူမိကြောင်း လည်း ဒေါက်တာ ပန်ဒီက ဆိုသည်။ ဒေလီ ရဲတပ်ဖွဲ့ သည် ဟီနာအား သေနတ်ဖြင့် ပစ်ခဲ့သည့် သူမ၏ ချစ်သူအား ဖမ်းဆီး ထားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here